ဆရာတော်

ဆရာတော်

Pages

ဝိနည်းမှတ်စု

ဗီဒီယို မူပိုင်ရှင်အား Credit ပေးပါသည်
တရားသံဝေဂရစေရန် ကူးယူ ဖော်ပြအပ်ပါသည်

Friday, May 10, 2024

ဒိဌိအမှန် ရုပ်နှင့်နာမ်

ဒိဌိအမှန် ရုပ်နှင့်နာမ် 
******************* 
မျက်စိတံခါး ဖွင့်ထားခိုက်မှာ 
အဆင်း ရုပ်မျိုး ဝင်တိုးတိုက်လာ 
မြင်သိစိတ်များ ဖြစ်ပွားပျက်ရာ 
ငါမြင်စွဲ ယူလွဲ ဒိဌိပါ 
နားပေါက်တံခါး ဖွင့်ထားခိုက်မှာ 
အသံ ရုပ်မျိုး ဝင်တိုးတိုက်လာ
 ကြားသိစိတ်များ ဖြစ်ပွားပျက်ရာ 
ငါကြားစွဲ ယူလွဲ ဒိဌိပါ
နှာခေါင်းတံခါး ဖွင့်ထားခိုက်မှာ 
အနံ့ ရုပ်မျိုး ဝင်တိုးတိုက်လာ 
နံသိစိတ်များ ဖြစ်ပွားပျက်ရာ 
ငါနံစွဲ ယူလွဲ ဒိဌိပါ 
လျှာပေါက် တံခါး ဖွင့်ထားခိုက်မှာ 
ရသာ ရုပ်မျိုး ဝင်တိုးတိုက်လာ 
စားသိ စိတ်များ ဖြစ်ပွားပျက်ရာ 
ငါစားစွဲ ယူလွဲ ဒိဌိပါ 
ကိုယ်ပေါက် တံခါး ဖွင့်ထားခိုက်မှာ
 အတွေ့ ရုပ်မျိုး ဝင်တိုးတိုက်လာ
 ထိသိ စိတ်များ ဖြစ်ပွား ပျက်ရာ
 ငါထိစွဲ ယူလွဲ ဒိဌိပါ 
မနောတံခါး ဖွင့်ထားခိုက်မှာ 
အကြံရုပ်မျိုး ဝင်တိုးတိုက်လာ
 ကြံသိစိတ်များ ဖြစ်ပွားပျက်ရာ 
ငါကြံစွဲ ယူလွဲ ဒိဌိပါ 
ဖောက်ပြန်ပြောင်းလဲ တာကရုပ် 
ကြံသည့်ညွှတ်တတ်တာက နာမ် 
ရုပ်နာမ်သိဆဲ ငါမစွဲ 
ကွာမြဲ ဒိဌိမှန် 
မြင်တိုင်းမှာ သတိယှဉ်စမ်းပါ 
မြင်မမြဲ သိဆဲ ဒိဌိကွာ 
ကြားတိုင်းမှာ သတိယှဉ်စမ်းပါ 
ကြားမမြဲ သိဆဲ ဒိဌိကွာ 
နံတိုင်းမှာ သတိယှဉ်စမ်းပါ 
နံမမြဲ သိဆဲ ဒိဌိကွာ 
စားတိုင်မှာ သတိယှဉ်စမ်းပါ 
စားမမြဲ သိဆဲ ဒိဌိကွာ 
ထိတိုင်းမှာ သတိယှဉ်စမ်းပါ 
ထိမမြဲ သိဆဲ ဒိဌိကွာ 
ကြံတိုင်းမှာ သတိယှဉ်စမ်းပါ 
ကြံမမြဲ သိဆဲ ဒိဌိကွာ 
ဖောက်ပြန်ပြောင်းလဲ တာကရုပ် 
ကြံသည့်ညွှတ်တတ်တာက နာမ် 
ရုပ်နာမ်သိဆဲ ငါမစွဲ 
ကွာမြဲ ဒိဌိမှန် 
ကြံစည်စဉ်းစား အာရုံများ 
လိုက်စား မပြုရာ 
အာရုံ လိုက်စား ဒုက္ခပွား 
ရှည်လျား သံသရာ 
အာရုံ မလိုက် သတိစိုက် 
ဉာဏ်၌ ဆင်ခြင် နိဗ္ဗာန်ဝင်ရမှာ

ဗီဒီယို မူပိုင်ရှင်အား Credit ပေးပါသည်
တရားသံဝေဂရစေရန် ကူးယူ ဖော်ပြအပ်ပါသည်

No comments:

Post a Comment