ဆရာတော်

ဆရာတော်

Pages

ဝိနည်းမှတ်စု

ဗီဒီယို မူပိုင်ရှင်အား Credit ပေးပါသည်
တရားသံဝေဂရစေရန် ကူးယူ ဖော်ပြအပ်ပါသည်

Saturday, October 26, 2013

ဆရာကြီး ဦးကျော်လှိုင် တရားတော်

 ကမ္မဋ္ဌာနစရိယ ဆရာဦးကျော်လိူင် ဟောကြားတော်မူသော

အချိန်ရှိခိုက် လုံ့လစိုက် အားထုတ်


=====================

လိုက်ကြတရားတော်

================
၁.၁.၂ဝဝရ (ဓမ္မသုခတောရ )

Friday, October 25, 2013

ဆရာတော် အရှင်ဇဋိလ၏ ထေရုပ္ပတ္တိ

ဆရာတော် အရှင်ဇဋိလ၏ ထေရုပ္ပတ္တိ




၁၃၂၆ခု ၀ါခေါင်လဆန်း(၁၀)ရက် အင်္ဂါနေ့ (၁၈.၈.၁၉၆၄) တွင် ပဲခူးတိုင်းဒေသကြီး ၊ ကဝမြို့နယ် ၊


သံဒင်းကျေးရွာ၌ ခမည်းတော်ဦးသိန်းအောင်၊ မယ်တော် ဒေါ်တင်ကြည် တို့မှ ဖွားမြင်သည်။

 ၁၉၈၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်း စာမေးပွဲကို ပဲခူးမြို့ အ.ထ.က(၃) မှ အောင်မြင်ပြီး

 ၁၉၈၇ ခုနှစ်တွင် (L.L.B)ဘွဲ့ကို တက္ကသိုလ် စာပေးစာယူဖြင့် အောင်မြင်သည်။

 (၁၃၅၁) ခုနှစ် နယုန်လဆန်း (၁) ရက်နေ့ တွင် ပဲခူးမြို့ မဟာစည် သာသနာ့ရိပ်သာ၌

 ပေါက်တပင် ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်း အဖြစ်သို့ရောက်ရှိသည်။ မဟာစည်

 နည်းဖြင့် ၀ိပဿနာ တရားများကို အားထုတ်သည်။


  ၁၃၅၁ ခု တန်ဆောင်မုန်းလပြည့်ကျော် (၅)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး

 ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေဥမင်တောရ ရိပ်သာ ဆရာတော်ဘုရားကြီးထံ

 ရောက်ရှိပြီး ၀ိပဿနာတရားများကို နည်းခံကျင့်သုံးသည်။

 ရွှေဥမင် ဆရာတော် ဘုရားကြီး၏ စေလွှတ်ချက်ဖြင့် သံဖြူဇရပ်မြို့ ၊အမှတ်(၁)

 သာသနာ့ ရိပ်သာ ဆရာတော်ဥုးသောဘနထံ ၁၆.၆.၁၉၉၄ မှ ၂၃.၁၂.၁၉၉၄ ထိ

 ၀ိပဿနာတရားများကို နည်းယူကျင့်သုံးသည်။၂၄.၁၂.၁၉၉၄ တွင် ရွှေဥမင်၌

 ဆက်လက်၍ ဆရာတော်ဘုရားကြီးထံ၌ ၀ိပဿနာတရားများကို ထပ်မံနည်းယူ

 ကျင့််သုံးသည်။


     ၃၀.၁၀.၁၉၉၈ မှစတင်၍ ရွှေဥမင်ဆရာတော်ဘုရားကြီး၏ ခွင့်ပြုတိုက်တွန်း

ဆုံးဖြတ်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင် မြို့မှ တရားနည်းပြဆရာကြီး

ဦးကျော်လှိုင်ထံ မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားများကို နည်းယူကျင့်သုံးသည်။၁၉၉၉ ခုနှစ်မှ

 စတင််၍ ဆရာကြီးဦးကျော်လှိုင်၏ သစ္စာဉာဏ်မြင် နိဗ္ဗာန်ဝင် မြတ်ဗုဒ္ဓ၏ ၀ိပဿနာ

 ဆယ်ရက်စဉ် တရားစခန်းပွဲများတွင် လက်ထောက် တရားနည်းပြအဖြစ် တွဲဖက်သာသနာပြုသည်။



     ၂၂.၁၁.၁၉၉၉ တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေဥမင်တောရ

စာသင်တိုက် ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးကို အနီးကပ်ပြုစုခဲ့သည်။



     ၁၁.၄.၂၀၀၁ မှ အစပြု၍ ရွှေဥမင်ဆရာတော် ဘုရားကြီး တစ်နှစ်လျှင် သုံးလခန့်

ရှစ်နှစ်တိုင်တိုင် တောရဆောက်တည်ရာ ဋ္ဌာနဖြစ်သော မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊

 ဘန့်ဘွေးကုန်း ကျေးရွာ၊ တောင်ပေါ်ဓမ္မသုခကျောက်အိုင််၌ ဆရာတော်ဘုရားကြီး၏

 သဘောတူ ခွင့်ပြုချက်ဖြင့် တောရဆောက်တည် သီတင်းသုံးခဲ့သည်။



     တောင်ပေါ်ဓမ္မသုခ ကျောက်အိုင်တွင် ၂၀၀၆ ခုနှစ်မှ စတင်၍ ဒီဇင်ဘာ (၂၃) မှ ဇန်နဝါရီ

 (၃)ရက်နေ့ ထိနှစ်စဉ် ဆယ်ရက်စဉ် တရား စခန်းပွဲ သင်္ကြန်တွင်းကာလ တရားစခန်းများကိုလည်း


 နှစ်စဉ်ကျင်းပခဲ့သည်။