ဆရာတော်

ဆရာတော်

Pages

ဝိနည်းမှတ်စု

ဗီဒီယို မူပိုင်ရှင်အား Credit ပေးပါသည်
တရားသံဝေဂရစေရန် ကူးယူ ဖော်ပြအပ်ပါသည်

Friday, May 10, 2024

ဒိဌိအမှန် ရုပ်နှင့်နာမ်

ဒိဌိအမှန် ရုပ်နှင့်နာမ် 
******************* 
မျက်စိတံခါး ဖွင့်ထားခိုက်မှာ 
အဆင်း ရုပ်မျိုး ဝင်တိုးတိုက်လာ 
မြင်သိစိတ်များ ဖြစ်ပွားပျက်ရာ 
ငါမြင်စွဲ ယူလွဲ ဒိဌိပါ 
နားပေါက်တံခါး ဖွင့်ထားခိုက်မှာ 
အသံ ရုပ်မျိုး ဝင်တိုးတိုက်လာ
 ကြားသိစိတ်များ ဖြစ်ပွားပျက်ရာ 
ငါကြားစွဲ ယူလွဲ ဒိဌိပါ
နှာခေါင်းတံခါး ဖွင့်ထားခိုက်မှာ 
အနံ့ ရုပ်မျိုး ဝင်တိုးတိုက်လာ 
နံသိစိတ်များ ဖြစ်ပွားပျက်ရာ 
ငါနံစွဲ ယူလွဲ ဒိဌိပါ 
လျှာပေါက် တံခါး ဖွင့်ထားခိုက်မှာ 
ရသာ ရုပ်မျိုး ဝင်တိုးတိုက်လာ 
စားသိ စိတ်များ ဖြစ်ပွားပျက်ရာ 
ငါစားစွဲ ယူလွဲ ဒိဌိပါ 
ကိုယ်ပေါက် တံခါး ဖွင့်ထားခိုက်မှာ
 အတွေ့ ရုပ်မျိုး ဝင်တိုးတိုက်လာ
 ထိသိ စိတ်များ ဖြစ်ပွား ပျက်ရာ
 ငါထိစွဲ ယူလွဲ ဒိဌိပါ 
မနောတံခါး ဖွင့်ထားခိုက်မှာ 
အကြံရုပ်မျိုး ဝင်တိုးတိုက်လာ
 ကြံသိစိတ်များ ဖြစ်ပွားပျက်ရာ 
ငါကြံစွဲ ယူလွဲ ဒိဌိပါ 
ဖောက်ပြန်ပြောင်းလဲ တာကရုပ် 
ကြံသည့်ညွှတ်တတ်တာက နာမ် 
ရုပ်နာမ်သိဆဲ ငါမစွဲ 
ကွာမြဲ ဒိဌိမှန် 
မြင်တိုင်းမှာ သတိယှဉ်စမ်းပါ 
မြင်မမြဲ သိဆဲ ဒိဌိကွာ 
ကြားတိုင်းမှာ သတိယှဉ်စမ်းပါ 
ကြားမမြဲ သိဆဲ ဒိဌိကွာ 
နံတိုင်းမှာ သတိယှဉ်စမ်းပါ 
နံမမြဲ သိဆဲ ဒိဌိကွာ 
စားတိုင်မှာ သတိယှဉ်စမ်းပါ 
စားမမြဲ သိဆဲ ဒိဌိကွာ 
ထိတိုင်းမှာ သတိယှဉ်စမ်းပါ 
ထိမမြဲ သိဆဲ ဒိဌိကွာ 
ကြံတိုင်းမှာ သတိယှဉ်စမ်းပါ 
ကြံမမြဲ သိဆဲ ဒိဌိကွာ 
ဖောက်ပြန်ပြောင်းလဲ တာကရုပ် 
ကြံသည့်ညွှတ်တတ်တာက နာမ် 
ရုပ်နာမ်သိဆဲ ငါမစွဲ 
ကွာမြဲ ဒိဌိမှန် 
ကြံစည်စဉ်းစား အာရုံများ 
လိုက်စား မပြုရာ 
အာရုံ လိုက်စား ဒုက္ခပွား 
ရှည်လျား သံသရာ 
အာရုံ မလိုက် သတိစိုက် 
ဉာဏ်၌ ဆင်ခြင် နိဗ္ဗာန်ဝင်ရမှာ

ဗီဒီယို မူပိုင်ရှင်အား Credit ပေးပါသည်
တရားသံဝေဂရစေရန် ကူးယူ ဖော်ပြအပ်ပါသည်

နိဗ္ဗာန် NIRVANA

Thursday, May 9, 2024

တိုက်ကြီးမြို့နယ်မှသည် ကျောက်အိုင်တောရဆီ




တိုက်ကြီးမြို့နယ်မှသည် ကျောက်အိုင်တောရဆီ

                            ဆရာတော် အရှင်ဇဋိလနှင့် ကမ္မဌာန်းနည်းပြဆရာကြီး ဦးကျော်လှိုင် ဆရာများ သီတင်းသုံး တောရဆောက်တည်နေကြတဲ့ ရန်ကုန်တိုင်းဒေသကြီး ၊တိုက်ကြီးမြို့နယ်နှင့် မနီးမဝေးမှာတည်ရှိနေတဲ့ ကျောက်အိုင်တောရစခန်းဆီသို့ 2023 နှင့် 2024 ခုနှစ်မှာ ကျွန်တော်ရောက်ခဲ့ပါတယ်။
                            တိုက်ကြီးမြို့နယ်ကနေ ၄.၇ မိုင်ခန့်သာ ဝေးတဲ့ တောရစခန်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ တရားဘာဝနာကျင့်ကြံအားထုတ်ဖို့ နေရာကောင်းလည်း ဖြစ်နေပါတယ်။သစ်ပင်စိုက်ခင်းများ၊ သစ်တော အုပ်လေးတွေရှိလို့ အေးချမ်းသာယာနေတဲ့ နေရာလည်း ဖြစ်ပါတယ်။တောရ ကျောင်းဝင်းထဲမှာ သစ်ပင်တွေ ထပ်မံစိုက်ပျိုးလို့ စိမ်းလန်းအေးချမ်းတဲ့ နေရာဖြစ်အောင်လည်း စီမံနေကြပါတယ်။


    

                                တရားဘာဝနာ အားထုတ်ပွားများ ကျင့်ကြံပြီး ဘဝကို အေးအေးချမ်းချမ်းနဲ့ နိဗ္ဗာန်ကို အချိန်တိုတိုနဲ့ ရလွယ်ရောက်လွယ်ဖြစ်အောင် နေရာကောင်းလည်းဖြစ် ဆရာကောင်းလည်း ရှိလို့ အမြန်ဆုံး သာ ကြွလှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။



ဆရာတော်၏ တပည့်ဒါယကာ၊ ဒါယကာမများ


 

Thursday, December 19, 2013

Saturday, December 14, 2013

၀ိနည်းမှတ်စု (အရှင်ဝဏ္ဏိတ)

----------------------------------------------------------------------------------------
----------------------------------------------------------------------------------------

၀ိနည်းမှတ်စု
အရှင်ဝဏ္ဏိတ
ဝေဠုဝန်တောရ
အစင်ရွာ
ရေးမြို့နယ်၊မွန်ပြည်နယ်
ရေးသားပြုစုတော် မူသည်။

ကောဇာသက္ကရာဇ် ၁၃၂၈ ခုနှစ်၊ နယုန်လတွင် စတင်ရေးသားပြီး
ကောဇာသက္ကရာဇ် ၁၃၃၀ ခုနှစ်၊ ၀ါဆိုလဆန်း ၁၃ ရက်တွင်
 ရေးသားပြုစုပြီးစီးသည်။



Google drive မှာတင်ထားပေးတာပါ။

Monday, November 18, 2013

Google Drive မှ ဒေါင်းလုပ်ယူနည်း

ဆရာတော် အရှင်ဇဋိလ၏ တရားတော် စာအုပ်များ၊MP 3 နှင့် MP 4 ဖိုင်များကို အခြား upload site များနှင့် Youtube တွင်တင်ရန် အခက်အခဲရှိပါသဖြင့် Google Drive တွင် တင်ထားပါသည်။Google Drive မှ ဒေါင်းနည်းကို အောက်တွင်ဖော်ပြထားပါသည်။

၁။ပထမ အဆင့်တွင် ဒေါင်းလုပ် ပြုလုပ်မည့် ဖိုင်၏ လင့်ကို ကလစ်နှိပ်ပါ။
   သို ့မဟုတ် ဖိုင်ပေါ်တွင် Right Click ဖြင့် Open Link in new tab နှိပ်ပါ။



၂။နောက်တစ်မျက်နှာပေါ်လာပါက မြှားပြထားသော download ကို နှိပ်ပါ။

၃။နောက်ဆုံးအဆင့်အနေဖြင့် download anyway ကို နှိပ်ပေးပါ။ဒေါင်းလုပ်လုပ်သွားပါမည်။





Saturday, October 26, 2013

ဆရာကြီး ဦးကျော်လှိုင် တရားတော်

 ကမ္မဋ္ဌာနစရိယ ဆရာဦးကျော်လိူင် ဟောကြားတော်မူသော

အချိန်ရှိခိုက် လုံ့လစိုက် အားထုတ်


=====================

လိုက်ကြတရားတော်

================
၁.၁.၂ဝဝရ (ဓမ္မသုခတောရ )

Friday, October 25, 2013

ဆရာတော် အရှင်ဇဋိလ၏ ထေရုပ္ပတ္တိ

ဆရာတော် အရှင်ဇဋိလ၏ ထေရုပ္ပတ္တိ




၁၃၂၆ခု ၀ါခေါင်လဆန်း(၁၀)ရက် အင်္ဂါနေ့ (၁၈.၈.၁၉၆၄) တွင် ပဲခူးတိုင်းဒေသကြီး ၊ ကဝမြို့နယ် ၊


သံဒင်းကျေးရွာ၌ ခမည်းတော်ဦးသိန်းအောင်၊ မယ်တော် ဒေါ်တင်ကြည် တို့မှ ဖွားမြင်သည်။

 ၁၉၈၂ ခုနှစ်တွင် အခြေခံပညာ အထက်တန်း စာမေးပွဲကို ပဲခူးမြို့ အ.ထ.က(၃) မှ အောင်မြင်ပြီး

 ၁၉၈၇ ခုနှစ်တွင် (L.L.B)ဘွဲ့ကို တက္ကသိုလ် စာပေးစာယူဖြင့် အောင်မြင်သည်။

 (၁၃၅၁) ခုနှစ် နယုန်လဆန်း (၁) ရက်နေ့ တွင် ပဲခူးမြို့ မဟာစည် သာသနာ့ရိပ်သာ၌

 ပေါက်တပင် ဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ရဟန်း အဖြစ်သို့ရောက်ရှိသည်။ မဟာစည်

 နည်းဖြင့် ၀ိပဿနာ တရားများကို အားထုတ်သည်။


  ၁၃၅၁ ခု တန်ဆောင်မုန်းလပြည့်ကျော် (၅)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး

 ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေဥမင်တောရ ရိပ်သာ ဆရာတော်ဘုရားကြီးထံ

 ရောက်ရှိပြီး ၀ိပဿနာတရားများကို နည်းခံကျင့်သုံးသည်။

 ရွှေဥမင် ဆရာတော် ဘုရားကြီး၏ စေလွှတ်ချက်ဖြင့် သံဖြူဇရပ်မြို့ ၊အမှတ်(၁)

 သာသနာ့ ရိပ်သာ ဆရာတော်ဥုးသောဘနထံ ၁၆.၆.၁၉၉၄ မှ ၂၃.၁၂.၁၉၉၄ ထိ

 ၀ိပဿနာတရားများကို နည်းယူကျင့်သုံးသည်။၂၄.၁၂.၁၉၉၄ တွင် ရွှေဥမင်၌

 ဆက်လက်၍ ဆရာတော်ဘုရားကြီးထံ၌ ၀ိပဿနာတရားများကို ထပ်မံနည်းယူ

 ကျင့််သုံးသည်။


     ၃၀.၁၀.၁၉၉၈ မှစတင်၍ ရွှေဥမင်ဆရာတော်ဘုရားကြီး၏ ခွင့်ပြုတိုက်တွန်း

ဆုံးဖြတ်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင် မြို့မှ တရားနည်းပြဆရာကြီး

ဦးကျော်လှိုင်ထံ မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားများကို နည်းယူကျင့်သုံးသည်။၁၉၉၉ ခုနှစ်မှ

 စတင််၍ ဆရာကြီးဦးကျော်လှိုင်၏ သစ္စာဉာဏ်မြင် နိဗ္ဗာန်ဝင် မြတ်ဗုဒ္ဓ၏ ၀ိပဿနာ

 ဆယ်ရက်စဉ် တရားစခန်းပွဲများတွင် လက်ထောက် တရားနည်းပြအဖြစ် တွဲဖက်သာသနာပြုသည်။



     ၂၂.၁၁.၁၉၉၉ တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေဥမင်တောရ

စာသင်တိုက် ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးကို အနီးကပ်ပြုစုခဲ့သည်။



     ၁၁.၄.၂၀၀၁ မှ အစပြု၍ ရွှေဥမင်ဆရာတော် ဘုရားကြီး တစ်နှစ်လျှင် သုံးလခန့်

ရှစ်နှစ်တိုင်တိုင် တောရဆောက်တည်ရာ ဋ္ဌာနဖြစ်သော မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊

 ဘန့်ဘွေးကုန်း ကျေးရွာ၊ တောင်ပေါ်ဓမ္မသုခကျောက်အိုင််၌ ဆရာတော်ဘုရားကြီး၏

 သဘောတူ ခွင့်ပြုချက်ဖြင့် တောရဆောက်တည် သီတင်းသုံးခဲ့သည်။



     တောင်ပေါ်ဓမ္မသုခ ကျောက်အိုင်တွင် ၂၀၀၆ ခုနှစ်မှ စတင်၍ ဒီဇင်ဘာ (၂၃) မှ ဇန်နဝါရီ

 (၃)ရက်နေ့ ထိနှစ်စဉ် ဆယ်ရက်စဉ် တရား စခန်းပွဲ သင်္ကြန်တွင်းကာလ တရားစခန်းများကိုလည်း


 နှစ်စဉ်ကျင်းပခဲ့သည်။