ဆရာတော်

ဆရာတော်

Pages

ဝိနည်းမှတ်စု

ဗီဒီယို မူပိုင်ရှင်အား Credit ပေးပါသည်
တရားသံဝေဂရစေရန် ကူးယူ ဖော်ပြအပ်ပါသည်

Wednesday, October 9, 2013

သင်္ခတဓာတ် မှ အသင်္ခတဓာတ် သို ့ကူးပြောင်းပုံ တရားတော်

ဆရာဦးကျော်လှိုင် ရေးသားစီရင်တော် မူသော

သင်္ခတဓာတ် မှ အသင်္ခတဓာတ် သို ့ကူးပြောင်းပုံ တရားတော်


download link

ခန္ဓ ပဋိစ္စသမုပ္ပါဒ် တရားတော်



ဆရာတော် အရှင်ဥူးဇဋိလ ဟောကြားတော်မူသော

ခန္ဓပဋိစ္စသမုပ္ပါဒ် တရားတော် MP3
 
download link

တရားတော် နာယူရန်



ခန္ဓ ပဋိစ္စသမုပ္ပါဒ် တရားတော် စာအုပ်


ဓါတ်ပုံ PDF ဖြင့် တင်ပေးထားပါသည်။

download link

လာရောက် လေ့လာ ဖတ်ရှူသူများအား ကျန်းမာစေကြောင်း
မေတ္တာများ ပို ့သပါသည်။

ဦးခင်ဝင်း




သစ္စာဉာဏ်မြင် နိဗ္ဗာန်ဝင် ၀ိပဿနာ ယာနိက သင်္ခေပဓမ္မကထာ


 ဆရာဦးကျော်လှိုင် (ညောင်လေးပင်) ပြုစုသည်။


၀ိပဿနာ ယာနိက သင်္ခေပဓမ္မကထာ
မာတိကာ
စဉ် အကြောင်းအရာ မာတိကာ
…….ပဏာမ (က)
…….အမှာစကား (က)
…….ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းပုံစံ (ခ)


၁။ ရတနာမြတ်သုံးပါးအား ကန့်တော့ရန် ၁
၂။ ဘုရားရှိခိုး ၁
၃။ တရားရှိခိုး ၁
၄။ သံဃာရှိခိုး ၂
၅။ သစ္စာပြု၍ မေတ္တာပို့ရန် ၃
၆။ ၀ိပဿနာတိ ၆
၇။ ၀ိပဿနာဟူသည် ၆
၈။ (၁) ၀ိပဿနာဘူမိ ၇
၉။ (၂) ၀ိပဿနာမူလတရား ၇
၁၀။ (၃) ၀ိပဿနာသရီရတရားကိုယ် ၈


၁၁။ (၁) ၀ိပဿနာဘူမိ ၈
(သိရမည့်တရားများ) ၈
သမုတိသစ္စာကျိုးရှစ်ဖြာ ၈
(ခ) ပရမတ္တသစ္စာ ၉
၂။ စတုဓာတုဝဝတ္ထာန်ဉာဏ် ၉
စတုဓာတုဝဝတ္ထာန် ၉
၃။ နာမရှုပပရိစ္ဆေဒဉာဏ် ၁၀

၄။ ပစ္စယပရိဂ္ဂစဉာဏ် ၁၀
၅။ သမ္မသနဉာဏ် နှင့် ဥပယဗ္ဗယဉာဏ် ၁၁
၆။ သစ္စာလေးပါးတရား ၁၁
၇။ ၀ိပဿနာဉာဏ် ပရိညာသုံးပါး ၁၂
၁၂။ (၂) ၀ိပဿနာမူလတရား ၁၃
(ကျင့်ရမည့်တရား)
၁၃။ (၃) ၀ိပဿနာသရီရတရားကိုယ် ၁၃
(ပွားများရမည့်တရား)
၁။ ဒိဋ္ဌိ၀ိသုဒ္ဓိ ၁၄
၂။ ကင်္ခါ၀ိတရဏဝိသုုဒ္ဓိ ၁၆
၃။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုုဒ္ဓိ ၁၈
၄။ ပဋိပဒါဉာဏဒဿနဝိသုုဒ္ဓိ ၂၂
၅။ ဉာဏဒဿနဝိသုုဒ္ဓိ ၂၄
၁၄။ ဣရိယပထပဗ္ဗနှင့် သမ္ပဇာနပဗ္ပ္ပ ရှုပွားနည်း ၂၆
၁၅။ ပစ္ဆိမဗုဒ္ဓဝစန ၆၂
၁၆။ သတိပေး ၆၃
၁၇။ ပုဗ္ဗကိစ္စပြုရန် ၆၄



၀ိပဿနာ ယာနိက သင်္ခေပဓမ္မကထာ
ပဏာမ
ရတနာမြတ်သုံးပါးကို ဦးထိပ်ထား၍ အမိ၊ အဖ၊ သင်ဆရာ၊
မြင်ဆရာ၊ ကြားဆရာ၊ ဆရာသမားတို့အား ဤဓမ္မကထာဖြင့် ဂါဝရပြု
ဦးညွှတ်ပါ၏။

ဦးကျော်လှိုင်
အမှာစကား
တရားအလုပ် အားထုတ်ကြသည့် (စခန်းရိပ်သာ)ဝင်ယောဂီ ပုဂ္ဂိုလ်များ တို့သည် အလုပ်စခန်းဝင်နေကြစဉ်တွင် (၀ိဇ္ဇာ) သိရမည့် ကိစ္စအပိုင်းနှင့် (စရဏ) အကျင့်ပိုင်းကို ကျင့်ကြံရမှုက တစ်ဖက်ဖြင့် အလုပ်နှစ်ခုတို့ကို စခန်းရက်စဉ် အနည်းငယ်အတွင်း သိရှိနိုင်အောင် အားထုတ်ကြိုးကုတ်ကြပါသော်လည်း (ဣန္ဒြေ)နုသော ပုဂ္ဂိုလ်များ အနေဖြင့် ပြည့်စုံအောင် သိရှိရန် မလွယ်ကူနိုင်ပေ။
 ထိုသို့သော ယောဂီ ပုဂ္ဂိုလ်များအတွက် တရားအလုပ်(စခန်းရိပ်သာ)မှ မိမိတို့နေရာ ဌာနသို့ ပြန်ကြသောအခါ ဆက်လက်၍ တရားအလုပ်တို့ကို လေ့လာအားထုတ်ကြိုးကုတ်နိုင်ရန် အလို့ငှာ ဤ “ဓမ္မကထာ” ကို ပြုစုရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ရတနာမြတ်သုံးပါးအား ရှိခိုးရန်
ဘုရားရှိခိုး
ဧဝံ နဝဟိ ဂုဏေဟိ၊ လောကမှိ ကိတ္တိဗျာပိတံ၊
အတုလံ ဓမ္မရာဇာနံ၊ ဝန္ဒာမိ တီဟိ သာဒရံ။

ဧဝံ နဝဟိ ဂုဏေဟိ - ဤအရဟတော အစလာသည့် ကိုးဖြာသော ဂုဏ်တော်တို့ဖြင့်၊ လောကမှိ-ဘဝဂ်ဆုံးအောင် သုံးဘုံဆောင်၌ ကိတ္တိဗျာပိတံ - သိမ့်သိမ့်တုန်ခပ် ပဲ့တင်ထပ်မျှ နှံ့စပ် ကျော်စော တော် မူထသော။ အတုလံ - သီလခေါင်ထိ သမာဓိနှင့်ကြီးဘိပညာ လွန်ကဲသာ၍ ြိပ်ုင်လာနှိုင်းသူ အတူလည်း ရှိတော်မမူထသော၊ ဓမ္မရာဇာနံ-သုံးဘုံမကိုဋ် သုံးတိုက်သရဖူ သုံးလူသင်းကျစ် ဓမ္မရာဇ်ထွတ်ထား ရှင်တော်မြတ်ဘုရားကို၊ တီဟိ-လက်အုပ်အဥ္စလီ နှုတ်သံ ချီလျက် ရွှင်ကြည် မနော သုံးပါးသော ဒွါရတို့ဖြင့်၊ သာဒရံ-လေးမြတ် ကြည်ညို ရိုသေခြင်း ရှိသည် ဖြစ်၍ ၊ ဝန္ဒာမိ-ဂုဏ်တော်ထုံမွှမ်း ပုံတော် မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ ပါ၏ အရှင်ဘုရား။


တရားရှိခိုး
ဣစ္စေဝံ ဆဟိ ဂ ုဏေဟိ ၊ ပါကဋံ ဇိန ပူဇိတံ၊
သမ္ပတ္တိ ဒါယကံ ဓမ္မံ ၊ ဝန္ဒာမိ တီဟိ သာဒရံ။
ဣစ္စေဝံ ဆဟိ ဂ ုဏေဟိ- ဤသွာက္ခာတတာ အစလာသည့် ခြောက်ဖြာသော ဂုဏ်တော်တို့ဖြင့် ၊ ပါကဋံ- တိတ္ထိတို့ဘောင် လွန်မြားမြောင်သည့် ဟန်ဆောင်တရား အစားစားထက် မားမားစွင့်စွင့် ဂုဏ်ရည်တင့်၍ ကြီးမားထင်ရှားပေထသော၊ဇိနပူဇီတံ -ကိုယ်တိုင်သိငြား ကိုယ့်တရားလည်း ငါးပါးမာရ်နှိမ် မာရဇိန်ပင် ကြိမ်ကြိမ်လေးမြတ် မှီဝဲပူဇော်တော်မူအပ်ထသော၊ သမ္ပတ္တိ ဒါယကံ-ကျင့်ကြံလိုက်နာ ဝေနေယျအား လူ့ရွာ နတ်ဌာန် နိဗ္ဗာန်အထိ-သမ္ပတ္တိကို မိမိရရ ပေးစွမ်းနိုင်ပေထသော ဓမ္မံ မဂ်ဖိုလ်နိဗ္ဗာန်် ဓမ္မက္ခန်ဟု ဆယ်တန်သော တရားတော်မြတ်ကို ၊တီဟိ-လက်အုပ် အဥ္စလီ နှုတ်သံချီ၍ ရွှင်ကြည်မနော သုံပါးသောဒွါရ တို့ဖြင့်၊ သာဒရံ-လေးမြတ်ကြည်ညို ရိုသေခြင်း ရှိသည်ဖြစ်၍၊ ဝန္ဒာမိ-စိတ်ဖြင့်ဦးတန်း ဂုဏ်တော် မှန်းလျက် ချီးမွမ်း ထောပနာ ပဏာညွတ်ကြိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။
သံဃာရှိခိုး
ဧဝံ နဝဟိ ဂုဏေဟိ ၊ လောကမှိ ၀ိဿုတံ ဂဏံ၊
သာသနံ စိရဓာတာရံ၊ ဝန္ဒာမိ တီဟိ သာဒရံ။
ဧဝံ နဝဟိ ဂုဏေဟိ - ဤသုပ္ပဋိပန္နတာ အစလာသည့် ကိုးဖြာသော ဂုဏ်တော်အပေါင်းတို့ဖြင့် ၊လောကမှိ - ဘဝဂ် ဆုံးအောင် ဘုံသုံးဆောင် ၌ ၊ ၀ိဿုတံ- တိထ္ထိတို့ဘောင် လွန်မြားမြောင်သည့် ဟန်ဆောင်သံဃာ အဖြာဖြာထက် အရာရာဖြင့် ဂုဏ်ရောင်တင့်၍ ကြီးမြင့်ထင်ရှားပေထသော၊ သာသနံ- ကမ္ဘာ့ ကမ္ဘာ လွန်လေပါလည်း တစ်ခါတစ်ဖန် ကြုံရန်ခဲကပ် အမြတ်ရတနာ ဤသာသနာတော်မြတ်ကြီးကို၊ စိရဓာတာရံ -ဘုရားလက်ထက် အဆက်ဆက်မှ မပျက်ရအောင် ပို့ချသင်ယူ ကျင့်ဆောင်တော်မူလာပေထသော ၊ ဂဏံ- အတွင်းစိတ်ဓါတ် မြင့်မြတ်ကြည်လင် သူတော်စငိကောင်း အရိယာသံဃာအပေါင်းကို၊ တီဟိ- လက်အုပ်အဥ္စလီ နှုတ်သံချီ၍ ရွှင်ကြည်မနော သုံပါးသောဒွါရ တို့ဖြင့်၊ သာဒရံ-လေးမြတ်ကြည်ညို ရိုသေခြင်း ရှိသည်ဖြစ်၍၊၊ ဝန္ဒာမိ- ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ဘုရား။
(ရတနာ့ဂုဏ်ရည်) (သင်္ခေပကထာ-၂)

သစ္စာပြု၍မေတ္တာပို့ရန်
ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊
အနုတ္တရော ဓမ္မဝရံ အဒေသယိ။
ဣဒမ္ပိ ဗုဒ္ပေ္ဓ ရတနံ ပဏီတံ ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ဝရော-စိတ်ထားမြတ်သူ လူနတ်အများ လိုလားတောင့်တအပ် မြတ်တော်မူထသော၊ ဝရညူ- အမြတ်ဆုံးမှန် နိဗ္ဗာန်ကိုလည်း သိတော်မူထသော ၊ဝရဒေါ - အမြတ်တရားကို ပေးသနားတော်မူထသော ၊ဝရာဟရော ကျင့်စဉ်အကောင်း ရှေ့ဟောင်းလမ်းမြတ်ကို ယူဆောင်တော်မူထသော ၊အနုတ္တရော- သာလွန်သည်မထင် အမြတ်ဆုံး ဘုရားရှင်သည်၊ ဓမ္မဝရံ- သုံးပုံပိဋကတ် တရားတော်မြတ်ကို၊ အဒေသယိ- ဟောကြားတော်မူခဲ့လေပြီ။ ဗုဒ္ဓေ-မြတ်စွာဘုရား၌ ၊ ဣဒမ္ပိ ရတနံ- ဤရတနာ၏ အဖြစ်နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း ပဏတံ-ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန -ဤသစ္စာစကားကြောင့် ၊ သုဝတ္ထိ ဟောတု- သတ္တဝါတွေ ချမ်းသာပါစေသတည်း။

ခယံ ၀ိရာဂံအမတံ ပဏီတံ၊
ယဒဇ္စျဂါ သကျမုနိ သမာဟိတော။
နတေန ဓမ္မေနေ သမတ္ထိ ကိဥ္စိ၊
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
သမာဟိတော- အရိယာမဂ် သမာဓိဖြင့် တည်ကြည်သောစိတ် ရှိတော်မူသော ၊သကျမုနိ-သာကီနွယ်ဖွား ဘုရားမြတ်သည်၊ ခယံ- ကိလေသာစုံကုန် ပျောက်ရာ ဖြစသော၊၀ိရာဂံ-ရာဂအတွယ် ပျောက်ပျယ်ကင်းရှင်းရာဖြစ်ပေထသော ၊အမတံ-သေခြင်းမရှိသော၊ပဏီတံ-မရောင့်ရဲစေတတ် ကောင်းမြတ်လှသော ၊ ယံ- အကြင်နိဗ္ဗာနဓါတ်တရားမြတ်ကို ၊ အဇ္စျဂါ - ရတော်မူခဲ့ပေပြီ။တေန ဓမ္မေန- ထို နိဗ္ဗာနဓာတ် တရားမြတ်နှင့် ၊သမံ- တူသော၊ကိဥ္စ-တစ်စုံတစ်ခုသော တရားမျိုးသည် ၊ န အတ္ထိ- မရှိတော့ပေ။ဓမ္မေ- နိဗ္ဗာန် တရားတော်၌ ၊ ဣဒမ္ပိ ရတနံ-ဤတရားရတနာဟု သိသာဖွယ်အကြောင်း ဂုဏ်တော်အပေါင်းသည် လည်း၊ပဏီတံ-ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန- ဤသစ္စာစကားကြောင့် ၊ သုဝတ္ထိ ဟောတု- သတ္တဝါတွေ ချမ်းသာပါစေသတည်း။

ယေ ပုဂ္ဂလာ အဌသတံ ပသတ္တာ၊
စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂေတ ဿ သာဝကာ၊
ဧတေသု ဒိန္နာနိ မဟပ္ဖလညနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

သတံ- ဘုရားအစရှိသော သူတော်ကောင်းတို့သည်၊ ပသတ္တာ- ချီးမွမ်းအပ်ကုန်သော၊ယေ ပုဂ္ဂလာ- အကြင် အရိယာပုဂ္ဂိုလ်တို့သည်၊အဋ္ဌ-ရှစ်ယောက်တို့သည် ၊ ဟော န္တိ -ဖြစ်ကုန်၏။ဧတေနိ-ဤအရိယာပုဂ္ဂိုလ်တို့သည်၊စတ္တာရိ ယုဂါနီ-မဂ်ဖိုလ် နှစ်လီ အညီတွဲကုန် လေးစုံတို့သည်၊ ဟောန္တိ-ဖြစ်ကုန်၏။သုဂတဿ-မြတ်စွာဘုရား၏၊သာဝကာ-တပည့်သာဝက ဖြစ်ကြကုန်သော၊တေပုဂ္ဂလာ-ထိုအရိယာပုဂ္ဂိုလ်တို့သည်၊ ဒက္ခိဏေယျာ-ကံနှင့်အကျိုးကို မျှော်ကိုးရည်သန် အလှူ ကောင်း အလှူမှန်ကို ခံတော်မူထိုက်ကြပေကုန်၏။ဧတေသု-ထိုအရိယာပုဂ္ဂိုလ်တို့၌ ဒိန္နာနိ-လှူအပ်သမျှ အလှူဒါန တို့သည်၊မဟပ္ဖလာနိ-ကြိးကျယ် ဖွ့ံဖြိုးသည့် အကျိုးရှိကြကုန်၏။သံဃေ-အရိယာ သံဃာတော်၌ ၊ ဣဒမ္ပိ ရတနံ-ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်တော်သည်လည်း ၊ပဏီတံ-ထူးမြတ်လှပါပေ၏။ ဧတေန သစ္စေန- ဤသစ္စာစကားကြောင့် ၊ သုဝတ္ထိ ဟောတု- သတ္တဝါတွေ ချမ်းသာပါစေသတည်း။
(ရတနာသုတ်)
၀ိပဿနာတိ
နာမရူပံ ပရိဂ္ဂယှ၊တတော တဿစ ပစ္စယံ၊

ဟုတွာ အဘာဝတော နိစ္စာ ၊ဥဒယဗ ္ဗပီဠနာ၊
ဒုက္ခာ အဝသဝတ္တိ တ္တာ၊အနတ္တာတိ တိလက္ခဏံ၊
အာရောပေတွာန သင်္ခါရေ၊သမ္မသန္တော ပနပ ္ပုနံ၊
ပါပုဏေယျာနုပုဗေ ္ပ္ဗန၊သဗ ္ပ္ဗသံယောဇနက္ခယန္တိ။
(ခုဒ္ဒသိက္ခာဝိနည်းကျမ်း စာ-၂၁၂)

နာမရူပံ-တေဘူမကသင်္ခါရဟု နာမ်ရုပ်အစုကို၊ပရိဂ္ဂယှ-ဉာဏ်ဖြင့်ပိုင်းခြားကာ ယူပြီး၍လည်းကောင်း၊(၀ါ) သိမ်းဆည်းပြီး၍လည်းကောင်း၊ တတော- ထိုနာမရူပပရိဂ္ဂဟဉာဏ်မှ၊(ပရံ-နောက်၌)။တဿ-ထိုနာမ်ရုပ်၏၊ ပစ္စယံ-အဝိဇ္ဇာ တဏှာ ကံ စသော အကြောင်းကို၊ပရိဂ္ဂယှ စ-ဉာဏ်ဖြင့် ပိုင်းခြားကာယူပြီး၍ လည်းကောင်း(၀ါ)သိမ်းဆည်းပြီး၍လည်းကောင်း။ဟုတွာ-ဖြစ်ပြီး၍၊အဘာဝတော-မရှိခြင်းကြောင့်၊အနိစ္စာ-မမြဲကုန်စွတကား။ ၊ဥဒယဗ ္ဗပီဠနာ-အဖြစ်ပျက်တို့၏ နှိပ်စက်ခြင်းကြောင့် (၀ါ) အဖြစ်အပျက်ဒဏ် ခံနေရခြင်းကြောင့်၊ ဒုက္ခာ-ဒုက္ခ တို့ပါတကား။ အဝသဝတ္တိတ္တာ - အလို၌ မဖြစ်ကုန်သည်၏ အဖြစ်ကြောင့် အနတ္တာ -အတ္တ မဟုတ်ကုန်ပါတကား။(၀ါ)အတ္တမရှိကုန်တကား၊ ဣတိ-ဤသို့၊တိလက္ခာဏံ-သုံးပါးသော လက္ခာဏာသို့၊ အာရောပေတွာန-တင်၍၊ပုနပ္ပ္ပုနံ-အဖန်ဖန် အထပ်ထပ်၊သင်္ခါရေ-နာမ်ရုပ်နှစ်ဝ သင်္ခါရတို့ကို၊သမ္မသန္တော-သုံးသပ်သော ယောဂီပုဂ္ဂိုလ် (ရဟန်း)သည်၊ အနုပုဗ္ပေ္ဗန-၀ိပဿနာ ဉာဏ်တို့၏ အစဉ်အားဖြင့် သဗ ္ပ္ဗသံယောဇနက္ခယံ -အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ကြောင်းဖြစ်သော အရဟတ္တမဂ်သို့၊ပါပုဏေယျ-ရောက်နိုင်၏။
၀ိပဿနာဟူသည်
ခန္ဓာ အာယတန ဓါတ်စသော သင်္ခေတ တရားတို့ကို အနိစ္စ၊ဒုက္ခ၊အနတ္တ လက္ခဏာ အခြင်းအရာအားဖြင့် ရှုသော မဟာကုသိုလ် ပညာသည် ၀ိပဿနာမည်၏။ထိုပညာကို တိုးပွားအောင်ပွားများစေခြင်းသည် ၀ိပဿနာ ဘာဝနာမည်၏။အနုလောမခန္ဒီလည်းမည်၏။သစ္စာနုလောမိကခန္ဒီလည်းမည်၏။ ပြည့်စုံအောင်ပွားများနိုင်လျှင် သမ္မတ္တနိယာမ သို့သက်ရောက်၏။(၀ါ)လောကုတ္တရာမဂ်ကိုရ နိုင်၏။
(၁)၀ိပဿနာဘူမိ
၁။(သိရမည့်တရား) ခန္ဓာ၊အာယတန၊ဓာတ်၊ ဣန္ဒြေ၊ ပဋိစ္စ သမုပ္ပါဒ် သစ္စာတရားအပေါင်းသည် ၀ိပဿနာ၏ အာရုံ ဘူမိမည်၏။ဘူမိ၌ သင်ယူနာကြား မေးမြန်းရမည်။
(၂)၀ိပဿနာမူလတရား
၂။(ကျင့်ရမည့်တရား) သီလဝိသုဒ္ဓိ ၊စိတ္တ ၀ိသုဒ္ဓိ(သီလ သမာဓိ) နှစ်ပါးသည် ၀ိပဿနာ မူလမည်၏။သီလ စင်ကြယ်မှု၊ စိတ်စင်ကြယ်မှု ပြည့်စုံရမည်။


(၃)၀ိပဿနာ သရီရ တရားကိုယ်
၃။(ပွားများရမည့်တရား) ဒိဋ္ဌိ၀ိသုဒ္ဓိ၊ကင်္ခါ၀ိတရဏ ၀ိသုဒ္ဓိ၊မဂ္ဂါမဂ္ဂ္ဂ္ဂဉာဏ ဒဿန ၀ိသုဒ္ဓိ၊ပ¬¬¬¬ဋိပဒါ ဉာဏ ဒဿန ၀ိသုဒ္ဓိ ထိုဝိသုဒ္ဓိ လေးပါးတို့ကိုစင်ကြယ်ရန် သမ္မသန သုံးသပ် ဉာဏ်၊ဥဒယဗ္ဗယဉာဏ်၊ စသည် ၀ိပဿနာဉာဏ်တို့နှင့် ပြည့်စုံအောင် ပွားများအားထုတ်ရမည် ဖြစ်သည်။
(၁)၀ိပဿနာဘူမိ
(သိရမည့်တရား)
၁။(က) သမုတိသစ္စာ
ပညတ်။ ။ သိစေတတ်သိစေအပ်ရန် ခေါ်ဝေါ်သုံးစွဲမှုကို “ပညတ်” ဟုခေါ်သည်။ လောကလူအများ အသုံးနယ်ရှိ အမှန်ဖြစ်သောကြောင့် ‘သမုတိ သစ္စာ’ ဟုခေါ်သည်။ သမုတိသစ္စာကို သုံးခြင်းဖြင့် အကျိုးရှစ်ပါးကို ရစေနိုင်ပါသည်။
၁။ ဟိရီ၊ သြတ္တပ္ပတရားနှစ်ပါးကို ပြခြင်းငှာ လည်းကောင်း၊
၂။ ကမ္မဿကတဉာဏ်ကို ပြခြင်းငှာလည်းကောင်း၊
၃။ ကိုယ်တိုင်ပြုခြင်း၊ သူတစ်ပါးကို ပြုစေခြင်း (နှစ်မျိုး)တို့တွင် ကိုယ်တိုင်ပြုက ပို၍အကျိုးများကြောင်းကို ပြခြင်းငှာ လည်းကောင်း၊
၄။ ပဥ္စာနန ္တရိယကံ ကိုပြခြင်းငှာလည်းကောင်း၊
၅။ မေတ္တာပို့ခြင်းကို ပြခြင်းငှာလည်းကောင်း၊
၆။ ပုဗ္ဗေနိ၀ါသာနုဿတိဉာဏ်ကိုပြခြင်းငှာလည်းကောင်း၊
၇။ အလှူခံ အယုတ် အလတ် အမြတ် ကိုပြခြင်းငှာ လည်းကောင်း၊
၈။ ဘုရားရှင်က လောကပညတ်ကို မပယ်လိုခြင်းကြောင်း လည်းကောင်း (သမုတိသစ္စာကို ဟောသည်)။
(အင်္ဂုတ္တိုရ် အဠကထာ)
(ခ)ပရမတ္ထသစ္စာ
ပရမတ် ။ ။လက္ခဏာသဘောအားဖြင့် အမှန် ထင်ရှားရှိသော အမှန်တရားကို “ပရမတ်”ဟု ခေါ်သည်။ဘုရားအစ ရှိသော အရိယာပုဂ္ဂိုလ်တို့မှ သိရှိသော၊မဖောက်မပြန် မှန်ကန်သော အရှိတရားဖြစ်သောကြောင့် “ပရမတ္ထသစ္စာ”ဟုခေါ်သည်။(၀ိပဿနာ သမ္မာဒိဋ္ဌိ ဉာဏ်ရင့်သန်လျှင် ပရမတ္ထသစ္စာကို ပိုင်းခြား၍သိသော မဂ်ဉာဏ်သို့ဆိုက်ရောက်နိုင်မည်ဖြစ်သည်)။
၂။ဓာတုဝဝတ္ထာန်ဉာဏ်
စတုဓာတုဝဝတ္ထာန်
(ပထဝီဓာတ်) - မာမှုသဘော ၊ပျော့မှုသဘောရှိ၏။
(အာပေါဓာတ်) - ဖွဲ့မှုသဘော၊ယိုစီးမှုသဘောရှိ၏။

(တေဇောဓာတ်) - ပူမှုသဘော၊အေးမှုသဘောရှိ၏။
(၀ါယောဓာတ်) - ထောက်ကန်မှုသဘော၊ လှုပ်ရှားမှုသဘောရှိ၏။
ဓာတ်ဆိုသည်မှာ မိမိ၏သဘာဝ သဘောလက္ခဏာကိုဆောင်တတ်သောကြောင့် ဓာတ်ဟုခေါ်သည်။အတ္တသညာ သတ္တသညာတို့ကို ပယ်နိုင်ရန် ဓာတ်ကို ပိုင်းခြားသိရမည် ဖြစ်သည်။
၃။ နာမရူပ ပဋိစ္ဆေဒဉာဏ်
နာမ် ( နမနလက္ခဏာ )အာရုံသို့ ကိုင်းတတ် ရှိုင်းတတ် ညွှတ်တတ်သော အမှတ်အသားရှိ၍ “နာမ်”ဟုခေါ်သည်။
ရုပ် (ရုပ္ပနလက္ခဏာ) ဖောက်ပြန် ပျက်စီးတတ်သော အမှတ်အသားရှိ၍ “ရုပ် ”ဟုခေါ်သည်။)
ခန္ဒာ ရူပက္ခန္ဓာတစ်ပါး၊(ဝေဒနာ က္ခန္ဓာ ၊သညာ က္ခန္ဓာ၊သင်္ခါရ က္ခန္ဓာ၊ ၀ိညာဏ က္ခန္ဓာ လေးပါး)ပေါင်း “ခန္ဒာငါးပါး ”ရှိသည်။ ရုပ် နာမ် နှစ်ပါး (ခန္ဒာငါးပါးတို့ကို) ပိုင်းခြားသိခြင်းဖြင့် (သက္ကာယဒိဋ္ဌိ) ကိုပယ်နိုင်သည်။
၄။ ပစ္စယပရိဂ္ဂဟဉာဏ်
နာမ်ဖြစ်ကြောင်း (ဇနက) မူလအကြောင်းမှာ အဝိဇ္ဇာ တဏှာ ၊ဥပါဒါန်(သင်္ခါရ) ကမ္မဘဝ တို့ဖြစ်သည်။
(ဥပထမ္ဘက) အထောက်အပံ့အကြောင်းမှာ အာရုံဒွါရတို့ဖြစ်သည်။
ရုပ်ဖြစ်ကြောင်း (ဇနက)မူလအကြောင်းမှာ အဝိဇ္ဇ္ဇာ တဏှာ ၊ဥပါဒါန်(သင်္ခါရ) ကမ္မဘဝ တို့ဖြစ်သည်။
(ဥပထမ္ဘက) အထောက်အပံ့အကြောင်းမှာ ဥတု အာဟာရတို့ ဖြစ်သည်။
ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် (သဿတ ဒိဋ္ဌိ နှင့် ဥစ္ဆေဒဒိဋ္ဌိ) တို့ကိုပယ်သတ်နိုင်သည်။နာမ်ရုပ်တို့၏ (ဇနက)မူလ အကြောင်းဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန်(သင်္ခါရ) ကမ္မဘဝ တရားတို့ကို သိပြီးပယ်သတ်ရမည်ဖြစ်သည်။
နာမ်ရုပ်တို့၏ (ဥပထမ္ဘက)အကြောင်းဖြစ်သော အာရုံ ဒွါရ ဥတု အာဟာရ တို့ကို သိပြီး ပိုင်းခြားသိရမည် ဖြစ်သည်။
၅။သမ္မသနဉာဏ် နှင့် ဥဒယဗ္ဗယဉာဏ်
အာရုံ ဒွါရ ဖဿ တို့ကြောင့်ဖြစ်သော “ခဏတော” ဥဒယဗ္ဗယဉာဏ် (နာမ်ရုပ်) တရားတို့ကို လက္ခဏာရေးသုံးပါး ထင်မြင်အောင် သုံးသပ်ဆုံးဖြတ်၍ ပိုင်းခြားရှု့ပွားရမည်။
အဝိဇ္ဇာ တဏှာ ၊ဥပါဒါန်(သင်္ခါရ) ကမ္မဘဝတို့ကြောင့် ဖြစ်သော “ပစ္စယတော” ဥဒယဗ္ဗယ(နာမ်ရုပ်) တရားတို့ကို လက္ခဏာ ရေးသုံးပါး ထင်မြင်အောင် သုံးသပ်ဆုံးဖြတ်၍ ပယ်သတ်ရှုပွားရမည်။
“ဥဒယဗ္ဗယဉာဏ်”ဖြင့် အဝိဇ္ဇာ တဏှာစသော ကိလေသာတရားတို့ကို တဒင်္ဂ ပယ်သတ်နိုင်၏။
၆။သစ္စာလေးပါးတရား
ဒုက္ခသစ္စာ။ ။အနိစ္စ၊ ဒုက္ခ၊အနတ္တ အသုဘတရား ဖြစ်သော ရုပ်နာမ်တရား (ခန္ဒာငါးပါး) တို့သည် “ဒုက္ခသစ္စာ” ဖြစ်သည်။
သမုဒယ သစ္စာ။ ။ အဝိဇ္ဇာ တဏှာ ၊ဥပါဒါန်(သင်္ခါရ) ကမ္မဘဝ အကြောင်းတရားတို့သည် “သမုဒယ သစ္စာ” ဖြစ်သည်။
နိရောဓသစ္စာ။ ။သမုဒယနှင့်ဒုက္ခ ငြိမ်းရာ နိဗ္ဗာန်သည် နိရောဓ သစ္စာဖြစ်သည်။
မဂ္ဂသစ္စာ။ ။ရုပ်နာမ်(ခန္ဓာငါးပါး)တို့အား လက္ခဏာရေးသုံးပါး ထင်မြင်အောင် သုံးသပ်ဆုံးဖြတ်၍ ရှု့ပွားသော သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးသည် “မဂ္ဂသစ္စာ” ဖြစ်သည်။

“ဒုက္ခသစ္စာ”သည် ပိုင်းခြားသိရမည့် ကိစ္စရှိ၍၊“ သမုဒယသစ္စာ”သည် ပယ်သတ်ရမည့် ကိစ္စရှိ၏။“နိရောဓသစ္စာ” သည် မျက်မှောက်ပြုရမည့် ကိစ္စရှိ၏။“မဂ္ဂသစ္စာ”သည် ပွားများရမည့် ကိစ္စရှိ၏။
(သစ္စာတရားကို သိမြင်ခြင်းဖြင့် အရိယာပုဂ္ဂိုလ်ကြီးအဖြစ်သို့ ရောက်နိုင်၍ သံသရာမှ ထွက်မြောက်နိုင်သည်။)
၇။ ၀ိပဿနာဉာဏ် ပရိညာသုံးပါး
(က) ဉာတပရိညာ။ ။နာမရူပပရိစ္ဆေဒ ဉာဏ်တို့နှင့် ပစ္စယပရိဂ္ဂဟ ဉာဏ်နှစ်ပါးတို့ကိုခေါ်သည်။
(ခ)တီရဏပရိညာ။ ။ရုပ်နာမ် (ခန္ဓာငါးပါး)တို့၏ မမြဲမှု (အနိစ္စ)လက္ခဏာ ၊ဆင်းရဲမှု(ဒုက္ခ)လက္ခဏာ ၊အစိုးမရမှု(အနတ္တ)လက္ခဏာ ၄င်းလက္ခဏာ သုံးပါးတို့ကို ဆင်ခြင်ပြီး သုံးသပ်ဆုံးဖြတ်၍ ပိုင်းခြားသိမှုကို ဉာဏ်ကိုခေါ်သည်။
(ဂ)ပဟာနပရိညာ။ ။လက္ခဏာသုံးပါးထင်မြင် ပေါက်မြောက်၍ နိစ္စ၊သုခ၊သုဘ၊အတ္တစသော (၀ိပလ္လာသ) ဖောက်ပြန် မှားယွင်းသော အမှတ်မှား အသိမှား အယူမှား တရားတို့ကို ပယ်သတ်မှု ဉာဏ်ကို ခေါ်သည်။ပရိညာသုံးပါးပြည့်အောင် အားထုတ်ပွားများနိုင်လျှင် ဒုက္ခကုန်ဆုံးရာ( နိဗ္ဗာန်)ကို မျက်မှောက်ပြူနိုင်သည်။
(ကြိုးစားကြပါလေ… ယောဂီတို့)။
(၂) ၀ိပဿနာမူလတရား
(ကျင့်ရှုရမည့် တရား)
(ခဏိကသမာဓိ ထူထောင်နည်း)
ပရိကံပြုရန်-
(၁) ယောဂီသည် မိမိ၏ ရင်ညွန့်၌ စိတ်ကိုထားပါ။
(၂) ရင်ညွန့်ထိပ် ရင်ချိုင့်တစ်ဝိုက်တွင် စိတ်ကြောင့်ဖြစ်သော ၀ါယောဓာတ်ကို သတိထား၍ ရှူတို်င်းရှိုက်တို်င်း၌ ဖြစ်ပေါ်လာသော တွန်းကန်လှုှုပ်ရှားမှု သဘောတစ်ခုခုကိုပေါ်တိုင်းသိရမည်။ (၀ါ)သိအောင်လုပ်ပါ။
(၃) သတိထားတိုင်း သိလာလျှင် ထို၀ါယောဓာတ်၏ အစ၊ အလယ်၊ အဆုံး သုံးချက်လုံးကို သိအောင်ကျင့်ရမည်။ မရမနေ ကျင့်ပါလေ။
(၄) စိတ်တစ်ခြားသွားတိုင်း လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ စသော အကုသိုလ် မဖြစ်အောင် သတိဖြင့် “စောင့်စည်း” ၍ ကမ္မဋ္ဌာန်း
အာရုံဝေါယောဓာတ်၌ ပြန်ထားပါ။ ၎င်းစောင့်စည်းမှုသဘောသည် “သီလ” ဖြစ်သည်။ (သမာဓိ သံဝတ္တနိကသီလ၊ သမာဓိကိုဖြစ်စေ သော သီလဖြစ်သည်။)
(၅) သီလစောင့်စည်းမှု မှန်ကန်၍ ၀ါယောဓာတ် ကမ္မဋ္ဌာန်းအာရုံ၌ ရှုစိတ်အခိုက်အတန့်နေတိုင်း နေတိုင်း “ခဏိကသမာဓိ”ရသည်
ဟုသိရမည်။
(၆) ပရိကံဖြစ်သော ၀ါယောဓာတ် ကမ္မဋ္ဌာန်းအာရုံ၌ သမာဓိဖြစ်မှသာ သမ္မသနဉာဏ်ဖြင့် ဓာတ်သဘော၊ ရုပ်သဘော၊ နာမ်သဘော တို့ကိုပိုင်းခြားရှုသိ၍ ၀ိပဿနာဉာဏ်ဖြစ်အောင် အားထုတ်ရမည်။
(၇) ခဏိကသမာဓိ မရမချင်း ၀ိပဿနာ မရှုပွားပါနှင့်။
(၈) အားထုတ်စဉ် သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ ဉာဏ်တို့ဖြင့် ကြိုးစားအားထုတ်ပွားများရမည်။

(၃)၀ိပဿနာသရီရတရားကိုယ်
(ပွားများရမည့် တရား)
၁။ ဒိဋ္ဌိ ၀ိသုဒ္ဓ္ဓိ
ပရိကံပြုထားသော မူလကမ္မဋ္ဌာန်း (၀ါယောဓာတ်) တွန်းကန်လှုပ်ရှားမှု သဘောတစ်ခု၌ ပေါ်တိုင်းပေါ်တိုင်း ၊ဖြစ်တိုင်းဖြစ်တိုင်း တို့တွင် (၀ါယောဓာတ်)၏ အစ အလယ် အဆုံး သုံးချက်လုံးကို ရှုစိတ်သိလာနိုင်အောင် ပွားများရှုသိရမည်။
သိနိုင်၍ (ခဏိကသမာဓိ) ရလာသော ယောဂီ ပုဂ္ဂိုလ်သည် မူလသိနေသော ၀ါယောဓာတ်သဘော၌ သော်လည်းကောင်း၊(ခန္ဓာကိုယ်တွင်းမှ ဓာတ်လေးပါးသဘောတို့ကို လည်းကောင်း)၊ထင်ရှားမှုရှိသော ဓာတ်သဘောတစ်ခုခုက ို(သမ္မသနဉာဏ်) သုံးသပ်ဉာဏ်ဖြင့်(ဓာတ်)ဆောင်မှုသဘော၊(ရုပ်)အသွင်မတူ ဖောက်ပြန်ပြောင်းလဲမှု သဘောတို့၌ ထင်ရှားရာ တစ်ခုခုကို ဆင်ခြင်ရမည်၊ရှုရမည်ဖြစ်သည်။
(အတ္တ-ငါ့ကိုယ်၊ငါ့ဟာဟူသော အမှတ်အသိကို ပယ်ခွာပြီး၊ဓာတ်သဘောတို့၏ ဖောက်ပြန်ပြောင်းလဲမှုကို သိအောင် သုံးသပ်ဆင်ခြင်၍ ဆုံးဖြတ်နိုင်သောအခါ(ဓာတ်သဘော)၊(ရုပ်သဘော)တို့ အပေါ်မှာ သိထားသော (အတ္တ ဒိဋ္ဌိ) အယူမှားသည် ရုပ်သဘောတို့ကို တဒင်္ဂပဟာန် အားဖြင့် ပယ်ထားနိုင်ပြီး၊ ၄င်းဓာတ်သဘော ရုပ်သဘောတို့ကို အကြိမ်ကြိမ် အဖန်ဖန် ပေါ်တိုင်း ပျောက်တိုင်း ဖြစ်တိုင်းတို့၌ သုံးသပ်ဆင်ခြင်နိုင်သောအခါ (အာရုံ)ရုပ်သဘောကို မှတ်သိနေသော (နာမ်) ညွှတ်ကိုင်းမှုသဘောလေးသည် ထင်ရှားလာပါလိမ့်မည်။အာရုံသို့ ညွှတ်ကိုင်းမှုသဘော(နာမ်)တရားများဖြစ်ကြသော ခံစားမှု ၊မှတ်သားမှု၊စေ့ဆော်မှု၊ သိမှု သဘောတရားတို့ကိုလည်း ထင်ရှားပေါ်လွင်ရာ (နာမ်တရားတစ်ခုခုကို)( အတ္တ ဒိဋ္ဌိ)ငါ ငါ့ဟာဟူသော အမှတ်မှား ၊အသိမှားကို ပယ်ခွာ၍ ကိုင်းညွှတ်မှုသဘော(နာမ်တရား)ကို သုံးသပ် ဆင်ခြင်ရမည်၊ ရှုပွားရပေမည်။
သုံးသပ်ဆင်ခြင်ဆုံးဖြတ်နိုင်သောအခါ နာမ်တရားတို့အပေါ်၌ မှား၍ သိနေသော (အတ္တ ဒိဋ္ဌိ)အယူမှားသည် တဒင်္ဂပဟာန်အားဖြင့် ပယ်ထားနိုင်ပြီဖြစ်သည်။အာရုံ ရုပ်တရားနှင့် သိမှု နာမ်တရားတို့အပေါ်၌ (အတ္တ ဒိဋ္ဌိ)တဒင်္ဂပဟာန်ကွာ၍ အမှန်သိမြင်နေစဉ်တွင် ရှုဉာဏ်၌ အယူမှား ဒိဋ္ဌိကွာနေသည့် အမြင်ဉာဏ်ကို(ဒိဋ္ဌိ ၀ိသုဒ္ဓ္ဓိ) ဟုခေါ်ဆိုရမည်။
ယောဂီပုဂ္ဂိုလ်သည် ရအောင်သဒ္ဓါ သတိ ဝီရိယ သမာဓိ ပညာတို့ဖြင့် ပွားများအားထုတ်ရပေမည်။(ပွားများပါလေ) သိနိုင်လျှင် အန္ဓပုထုဇဉ် အဖြစ်မှ လွတ်ပြီး ကလျာဏပုထုဇဉ် သို့ရောက်ပြီဖြစ်သည်။
၂။ကင်္ခါ၀ိတရဏ ၀ိသုဒ္ဓ္ဓိ
တစ်ဖန် ရုပ်နာမ်သဘောတို့ကို ယောဂီပုဂ္ဂိုလ်သည် သုံးသပ်ဆင်ခြင်၍ဆုံးဖြတ် နိုင်ပြီးသည်ရှိသော် ၄င်းနာမ်ရုပ်တရားတို့၏ အကြောင်းကို သိမ်းဆည်းရမည် (၀ါ) အကြောင်းမှန်ကို သိအောင်ဆင်ခြင်ရမည်။
ရုပ်နာမ်တရား နှစ်ပါးသည် အတိတ်(ဇနက) မူလ အကြောင်းကား အဝိဇ္ဇာ တဏှာ ၊ဥပါဒါန် ကံတရားတို့အကြောင်းပြု၍ ဖြစ်ပျက်နေကြရ၏။ ပစ္စုပ္ပန်( ဥပထမ္ဘက) အထောက်အပံ့ အကြောင်းမှာကား အာရုံ၊ဒွာရ၊ဖဿ၊အာဟာရ၊ဥတု တို့ကြောင့် ဖြစ်ပျက်နေကြရသည်ဟု သိမြင်နိုင်အောင် သုံးသပ်ရမည် ဆင်ခြင်ရှုပွားရမည် ဖြစ်သည်။အတိတ်အကြောင်းနှင့် ဆက်စပ်၍လည်းကောင်း ၊ပစ္စုပ္ပန်အကြောင်းနှင့်ဆက်စပ် ၍ လည်းကောင်း အကြောင်း တစ်ခုခု ကို သုံးသပ်ဆင်ခြင်ပြီး အကြောင်းတရားတို့ကြောင့်နာမ်ရုပ်တရားတို့သည် ဖြစ်နေကြသည်ဟု သိနိုင်အောင် ပွားများအားထုတ်ပါလေ။

ယောဂီပုဂ္ဂိုလ်သည် မိမိဉာဏ်မှီရာ အကြောင်းတစ်ခုခုကို သိနိုင်အောင် ကြိမ်ဖန်များစွာ ကြိုးစားအားထုတ်ပွားများ၍ သုံးသင်ဆင်ခြင်နိုင်သောအခါ နာမ်ရုပ်တရားတို့၏ ဖြစ်ခြင်းအကြောင်းကို သိမြင်သည်ဖြစ်၍ ဆုံးဖြတ်လာ နိုင်ပါလိမ့်မည်။ အကြောင်းမှန်ကို ဆုံးဖြတ်လာနိုင်သောအခါ ယောဂီပုဂ္ဂိုလ်အား (အတ္တဒိဋ္ဌိ)စသော အကြောင်းတို့ဖြင့် နာမ်ရုပ်တရားတို့သည် ဖြစ်နေကြရသည်ဟု ထင်မှတ်ထားသော အမှတ်မှား အသိမှား အယူမှားတို့သည် တဒင်္ဂပဟာန်အားဖြင့် ပယ်နိုင်တော့၏။နာမ်ရုပ်တို့၏ အကြောင်းမှားကို ပယ်ပြီး အကြောင်းမှန်ကို ပိုင်းခြားသိမြင်လာသောကြောင့် (အတ္တဒိဋ္ဌိ)စသော အကြောင်းမှားတို့ အပေါ် ယုံကြည်မှု လွန်မြောက်စင်ကြယ်သွားသော ဉာဏ်အမြင်ကို (ကင်္ခါ၀ိတရဏ ၀ိသုဒ္ဓ္ဓိ) ဟုခေါ်သည်။ရအောင် ကြိုးစားအားထုတ်ပါလေ။ရအောင် သုံးသပ်ဆင်ခြင်ပွားများ၍ ဆုံးဖြတ်နိုင်သော ဉာဏ် ရရှိသော ယောဂီပုဂ္ဂိုလ်ကို (စူဠသောတပန်)ဟုခေါ်သည်။
*(သာသနတော်နှင့် တွေ့ကြုံသူတိုင်း စူဠသောတပန် ဖြစ်နိုင်၏၊ မဖြစ်နိုင်လျှင် သာသနာတော်နှင့် တွေ့ကြုံရကျိုး မနပ်။ယောဂီပုဂ္ဂိုလ်များ သတိတရား၊ အသိတရား ထားရှိကြပါကုန်)။
၃။မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓ္ဓိ
ရုပ်နာမ်တရားတို့သည် အကြောင်းတရားပေါင်းဆုံမှု ပြုပြင်မှုရှိမှသာ ဖြစ်ကြရပြီး၊တစ်ဖန် ချက်ချင်း ပျက်စီး ကြရသော (အနိစ္စ) တရားများသာ ဖြစ်ကြရ၏။(သမ္မသနဉာဏ်)ဖြင့် သုံးသပ်ခြင်း ပြုပေမည်။ပြုပြင်မှု အကြောင်းတရား တွေ့ရှိသမျှ ဖြစ်ခြင်း ပျက်ခြင်းတို့သည် အကြိမ်ကြိမ်အဖန်ဖန် ဖြစ်ပျက်နေကြရ၏။ အကြိမ်ကြိမ်အဖန်ဖန် ဖြစ်ပျက်နေခြင်းသည်ပင်လျှင် (ဒုက္ခ)တရားများ ဖြစ်ချေ၏။(အတ္တ)မဟုတ်သော ဓမ္မအကြောင်းတရားတို့ကြောင့် ဖြစ်နေသော အကျိုးဓမ္မ နာမ် ရုပ် တရားတို့သည် ငါ့ကိုယ် ငါ့ဟာ မှကင်းဆိတ်ကုန်လျက် ဖြစ်မှုပျက်မှု တရားတို့ အပေါ်၌ အလိုအားဖြင့်တားဆီး ပိတ်ပင် အလိုကျ ဖန်တီး၍ မရသောကြောင့် (အနတ္တ)ငါမဟုတ်ကုန် (အနတ္တ)တရားတို့သာဖြစ်ချေပြီဟု လက္ခဏာရေးသုံးပါး ပေါက်ရောက်ထင်မြင်အောင် သုံးသပ်ဆင်ခြင်၍(ဥဒယဗ္ဗယ)ဖြစ်ခြင်း၊ပျက်ခြငိးကို ဉာဏ်ဖြင့် ဆုံးဖြတ်နိုင်အောင် အားထုတ်ရမည်။မရမချင်း သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ အခြေပြု၍ ကြိုးစားရပေမည်။
ယောဂီပုဂ္ဂိုလ်သည် နာမ်ရုပ်တရား နှစ်ပါးတွင် ထင်ရှားရာ နာမ်ရုပ်တရား တစ်ခုခုပေါ်၌ အနိစ္စ၊ ဒုက္ခ၊အနတ္တ လက္ခဏာရေးသုံးပါး သုံးသပ်ဆင်ခြင်စတွင်(တရုဏာ ၀ိပဿနာ)၀ိပဿနာ ဉာဏ်နုနေသေးသောကြောင့် လက္ခဏာရေး သုံးပါးပေါ်၌ တစ်သမတ်တည်း မရှုပွားနိုင်သေးပေ။ထိုအခါ ယောဂီ ပုဂ္ဂိုလ်၏ သုံးသပ်ဆင်ခြင်ဉာဏ်သည် အခါအားလျှော်စွာ သမာဓိလွန် ပညာနည်း၍သော်လည်းကောင်း၊၀ိပဿနာဉာဏ် လမ်းလွဲမှု နှောင့်နှေးကြန့်ကြာမှု စသည်တို့ ဖြစ်စေနိုင်သော (ဥပက္ကိလေသ)တရားတို့သည် ဖြစ်ပေါ်လာတတ်ပေသည်။
ဥပက္ကိလေသ တရားဆိုသည်မှာ ၀ိပဿနာရှုမှု ဉာဏ်၏ သမာဓိ ပညာတို့၏ အစွမ်းသတ္တိတို့ကြောင့် ဖြစ်ပေါ်လာသော (ယောဂီ) ပုဂ္ဂိုလ်၏မနောစိတ်ဖြင့် မြင်ရသော အာရုံအလင်းရောင်များ ဖြစ်သည်။သြဘာသနှင့်တကွ ၀ိပဿနာဉာဏ်နှင့် ယှဉ်သော (ပီတိ) ကိုယ်စိတ်ငြိမ်းချမ်းခြင်း၊(ပဿဒ္ဓိ)အားရှိသော ပသာဒသဒါ္ဓတည်းဟူသော (အဓိမောက္ခ)၊ မလျော့မတင်း ဝီရိယ ဖြစ်သော (ပဂ္ဂဟ)၊ကိုယ်စိတ် ချမ်းသာခြင်း(သုခ)၊ထက်မြက်သောအသိ(ဉာဏ)၊ထင်ရှားသော (သတိ)၊ လျစ်လျူရှုနိုင်သော (၀ိပဿနာပေက္ခာ) ပြဆိုခဲ့သောတရားတို့နှင့် ၀ိပဿနာစိတ်တို့တွယ်တာသော မသိသာအောင် သိမ်မွေ့လှသည့် ဓမ္မတဏှာတည်းဟူသော နိကန္တိတရား ဆယ်ပါးတို့သည် အခါအားလျော်စွာ (ဥဒယဗ္ဗယဉာဏ်) အနုစား၌ ဖြစ်ပေါ်လာတတ်ပေသည်။

ဥပက္ကိလေသ တရားဆိုသည်မှာ ၀ိပဿနာရှုမှု ဉာဏ်၏ သမာဓိ ပညာတို့၏ အစွမ်းသတ္တိတို့ကြောင့် ဖြစ်ပေါ်လာသော (ယောဂီ) ပုဂ္ဂိုလ်၏မနောစိတ်ဖြင့် မြင်ရသော အာရုံအလင်းရောင်များ ဖြစ်သည်။သြဘာသနှင့်တကွ ၀ိပဿနာဉာဏ်နှင့်ယှဉ်သော (ပီတိ) ကိုယ်စိတ်ငြိမ်းချမ်းခြင်း၊(ပဿဒ္ဓိ)အားရှိသော ပသာဒသဒါ္ဓတည်းဟူသော (အဓိမောက္ခ)၊ မလျော့မတင်း ဝီရိယဖြစ်သော (ပဂ္ဂဟ) ၊ ကိုယ်စိတ် ချမ်းသာခြင်း(သုခ)၊ထက်မြက်သော အသိ(ဉာဏ)၊ထင်ရှားသော (သတိ)၊ လျစ်လျူရှုနိုင်သော(၀ိပဿနာပေက္ခာ) ပြဆိုခဲ့သောတရားတို့နှင့် ၀ိပဿနာစိတ်တို့တွယ်တာသော မသိသာအောင် သိမ်မွေ့လှသည့် ဓမ္မတဏှာတည်းဟူသော နိကန္တိတရား ဆယ်ပါးတို့သည် အခါအားလျော်စွာ (ဥဒယဗ္ဗယဉာဏ်) အနုစား၌ ဖြစ်ပေါ်လာတတ်ပေသည်။ထိုအခါ ယောဂီပုဂ္ဂိုလ်သည် ထိုဆယ်မျိုးတို့မှာ ယောဂီပုဂ္ဂိုလ်၏ သမာဓိပညာပေါ်မူတည်၍ သင့်တော်သလို ဖြစ်လာတတ်ပေ၏။ ဆယ်မျိုးလုံးပေါ်သည်ဟု မမှတ်သင့်ပေ၊ပညာဦးစီးသော ၀ိပဿနာ ယာနိက ယောဂီပုဂ္ဂိုလ်တို့အဖို့ ထိုတရားများအပေါ် နည်းတတ်ပေသည်။သမထယာနိကီပုဂ္ဂိုလ်များအဖို့ ထိုတရားများအပေါ် များတတ်ပေသည်။
၄င်း(ဥပက္ကိလေသ)တရားများသည် (အာရဒ္ဓ)၀ိပဿနာကို ကြိုးစားအားထုတ် သုံးသပ်ဆင်ခြင် ရှုပွားနေသော ယောဂီပုဂ္ဂိုလ်များသာ တွေ့ကြုံရ၏။ ရုပ်နာမ်တရားတို့၌ (သုတမယဉာဏ်)သိ၊(စိန္တာမယဉာဏ်)သိလောက် သာမာန်ပုဂ္ဂိုလ်တို့ အဖို့မသိနိုင်ကောင်းပေ မတွေ ့မမြင်ကြရပေ။ တကယ့်တရားအလုပ် ဘာဝနာကို(အာရဒ္ဓ)အားထုတ်အပ်သော ယောဂီပုဂ္ဂိုလ် သည် ဆိုခဲ့ပြီးသော(ဥဒယဗ္ဗယဉာဏ်)အနုစားဉာဏ်၌ ဥပက္ကိလေသတရားတို့ဖြစ်ပေါ်သိမြင်ကြသည်ရှိသော် ဗဟုသုတနည်းကြကုန်သော ယောဂီပုဂ္ဂိုလ်တို့သည်(သြဘာသ) အလင်းရောင်တရားကို နိဗ္ဗာန်မြင်သည် (စျာန်စိတ်ဖြစ်သူ) မှတ်ထင်တတ်ကုန်၏။ပီတိငါးမျိုးတို့ကိုလည်း မဂ်ဖိုလ် ဟုထင်မှတ်ကြကုန်၏။ထိုသို့ထင်မှတ်လျှင် ရှုမြင်ကြလျှင်ကား အမှားကို အမှန် ထင်မိခြင်းကြောင့် ၀ိပဿနာလမ်းလွဲ၍တဏှာ မာန ဒိဋ္ဌိအစွမ်းဖြင့် ကပ်ငြိမှု(နိကန္တိ)ဖြစ်ရပေတော့သည်။
သြဘာသ ပီတိ ပဿဒ္ဓိ အဓိမောက္ခ ပဂ္ဂဟ သုခ ဉာဏ သတိဥပေက္ခာ တရားကိုးပါးတို့သည် မုချအားဖြင့် ဥပက္ကိလေသမမည်ပေ။၄င်းတရားတို့ကို တဏှာ၊မာန၊ဒိဋ္ဌိ အကုသိုလ်တရား ကိလေသာတရားတို့ ကပ်ငြိတွယ်တာမှသာ မုချ ဥပက္ကိလေသဟု ယောဂီီပုဂ္ဂိုလ်သိပါလေ။(နိကန္တိ)ကပ်ငြိတွယ်တာမှုကို ဖယ်နိုင်သော ယောဂီပုဂ္ဂိုလ်သည် ၀ိပဿနာညစ်နွမ်းမှု လမ်းလွဲမှုမှ ကင်းစင်၍ ၀ိပဿနာဉာဏ် လမ်းမှန်ကိုရှေးရှုနိုင်ပေလိမ့်မည်။
၄င်းသြဘာသ ပီတိစသော တရားကိုးမုျိုးတို့သည် ၀ိပဿနာစိတ်နှင့် ယှဉ်စပ်သော သမာဓိ ပညာတို့မှ အခြေပြု၍ ဖြစ်ပေါ်လာကြသော တရားသဘောများ ဖြစ်ကြသည်ဖြစ်ရာ သြဘာသ ပီတိစသော တရားတို့သည် အကြောင်းတို့ကြောင့် ဖြစ်ကြရသော(သင်္ခတ)တရား ရုပ်နာမ်သဘောတို့သာ ဖြစ်ကြသည်ဖြစ်ရာ မမြဲမှုဖြစ်သော အနိစ္စတရားများသာ ဖြစ်သည်။မမြဲခြင်းကြောင့် ဒုက္ခတရား ၊အနတ္တ တရားများသာ ဖြစ်သည်ဟု ယောဂီပုဂ္ဂိုလ်၏ ဉာဏ်သည် သုံးသပ်ဆင်ခြင်၍ ဆုံးဖြတ်ပြီး ဉာဏ်ဖြင့် ရှုပွားနိုင်သော ယောဂီပုဂ္ဂိုလ်သည် (အမဂ္ဂ)လမ်းမှားမှ စင်ကြည်၍ (မဂ္ဂ)၀ိပဿနာကျင့် လမ်းစဉ်အမှန် လမ်းမှန်သို့ရောက်ခဲ့ပြီဟု သိရပေမည်။၀ိပဿနာဉာဏ် ညစ်နွမ်းကြောင်း ဘေးရန်မှ လွန်မြောက်သော ၀ိပဿနာအကျင့် လမ်းစဉ်သည် မဂ်လမ်းစဉ်၏ ရှေးအဖို့ဖြစ်သော (ပုဗ္ဗဘာဂမဂ်)ဖြစ်လေသည်ဟု လမ်းမှား၊လမ်းမှန် နှစ်မျိုးတို့၌ အမြင်ဉာဏ်စင်ကြယ်သွားခြင်းကို (မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ)ဟု ခေါ်သည်။
ယောဂီပုဂ္ဂိုလ်သည် ၀ိပဿနာညစ်နွမ်းမှု ဘေးရန် တဏှာ၊ မာန၊ ဒိဋ္ဌိ၊နိကန္တိဟု ခေါ်ဆိုအပ်သည့် ကိလေသာ တရားဆိုးတို့ကို ပယ်နိုင်အောင်ကြိုးစား၍ ပွားများကြရပေမည်။“ကြိုးစား…ကြပါလေ”။



နာမ်ရုပ်တရားတို့အား လက္ခဏာရေး သုံးပါးထင်မြင်အောင် သုံးသပ်ဆင်ခြင်သော ယောဂီပုဂ္ဂိုလ်သည် ဒိဋ္ဌပစ္စ့က္ခလက္ခဏာရေးသုံးပါး တို့ကို ဆုံးဖြတ်နိုင် ရှုနိုင်သော ယောဂီပုဂ္ဂိုလ်တို့သည် အရိယာ မဂ်သို့ တက်လှမ်းနိုင်သော အခြေခံဉာဏ်နှင့်ပြည့်စုံပြီဖြစ်၍ မလျှောသောဇွဲလုံလနှင့် ဆက်လက်၍ ဝိပဿနာ ဘာဝနာကို မပြတ်ကြိုးကုတ် အားထုတ်ပွားများ မည်ဆိုပါက ပစ္စက္ခဘဝ၌ပင် အရိယာ ပုဂ္ဂိုလ်ကြီး အဖြစ်သို ့ ရနိုင်ကြပါသည်။ သို ့မှသာ ဘုရားရှင်၏ သားတော် အစစ်အဖြစ်သို ့ ဆောင်လေတော့၏ ။
( ကြိုးစားကြပါလေ . . . ယောဂီအပေါင်းတို ့)။
၄။ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ
တစ်ဖန် ယောဂီပုဂ္ဂိုလ်သည် ဝိပဿနာညစ်နွမ်းကြောင်း ဥပက္ကိလေသ ဘေးရန်မှ လွတ်မြောက်ပြီး ဝိပဿနာသည် စင်ကြယ်ပြီး လမ်းမှန်ရောက်သော အခါ ( ဥဒယဗ္ဗယ ) ဖြစ်ပျက်ကို ရှုသောဉာဏ်မှစ၍ ဘင်္ဂဉာဏ် ၊ ဘယဉာဏ် ၊ အာဒီနဝဉာဏ် ၊ နိဗ္ဗိဒါဗ္ဗိဒါဉာဏ် ၊ မုစ္စိတုကမျတာဉာဏ် ၊ မဋိသင်္ခါဉာဏ် ၊ သင်္ခါရု ပေက္ခာဉာဏ် ၊ အနုလောမဉာဏ် စသော ဝိပဿဉာဏ် ကိုးပါးတို ့သည်(ပဋိပဒါ ဉာဏ ဒဿန ဝိသုဒ္ဓိ ) မည်၏ ။
ထက်မြက်စင်ကြယ်သော (ဥဒယဗ္ဗယ) ဖြစ်ခြင်း ပျက်ခြင်းတို ့ကိုမြင်သော ဉာဏ်မှစ ၍ အထက်ဝိပဿနာဉာဏ်စဉ်တို ့သည် လောကုတ္တရာ မဂ်ဉာဏ်သို ့ ဆိုက်ရောက်ရန် (ပဋိပဒါ) ကျင့်လမ်းမှန်ဟု ယောဂီပုဂ္ဂိုလ်သည် သိမြင်နိုင်အောင် ကျင့်ကြ ံပွားများကြရပေဦးမည်။
မှတ်ချက်။ ။ (ဤနေရာ၌ ဝိပဿနာဉာဏ်စဉ်များကို အကျယ်မရေး တော့ပြီ ၊ ယောဂီပုဂ္ဂိုလ်များ ကြိုတင်၍ သိရှိထားပါက ဉာဏ်နုသော ယောဂီပုဂ္ဂိုလ် တို ့သည် (သုတမယဉာဏ်) သိကိုပင် ဝိပဿနာဉာဏ်တွင် ယှဉ်စပ်၍ ဉာဏ်စဉ် လုပ်ပြီးတတ်နေပါက ဘာဝနာ ပညာသိ အမြင်စစ်သို ့ မရောက်ပဲ ကြန် ့ကြာမှုရှိစေ နိုင်သောကြောင့်ဖြစ်သည်။)
သို ့သော်လည်း အနည်းငယ််ဝိပဿနာဉာဏ် အထောက်အပံ့ဖြစ်စေရန် ရေးသားပေးပါဦးမည်။ ဤ (ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ) သည် အရိယာ သစ္စာလေး ပါးကို ထိုးထွင်းသိမြင်နိုင်သော လောကုတ္တရာမဂ်ဉာဏ်၏ အကြောင်း အခြေခံ ဝိပဿနာပွားများမှု ဉာဏ်စဉ်ပေါ်၌ အမြင်စင်ကြယ်သွားမှုကို ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ ခေါ်ဆိုသည်ဖြစ်၍ သစ္စာလေးပါးကို လောကုတ္တရာမဂ်ဉာဏ်အဆိုက်၌ သိမြင် သွားသော ပဋိဝေဓဉာဏ်ကို ရရှိနိုင်ရန် အခြေခံသစ္စာကို လျှော်အောင် သိနိုင်သော သစ္စာနုဗောဓဉာဏ်များ ဖြစ်ရကား ယောဂီပုဂ္ဂိုလ်သည် နာမ်ရုပ်တရား (ခန္ဓာငါးပါး တရား) တို့အား သုံးသပ်ဆင်ခြင် လျှက် ဖြစ်ခြင်း ၊ ပျက်ခြင်း ၊(ဥဒယဗ္ဗယ ဉာဏ်) အမြင်ပေါက်၍ ဆုံးဖြတ် ဉာဏ်ဖြင့် အဖန်ဖန် ပွားများနေသော ယောဂီပုဂ္ဂိုလ် သည် (နာမ်ရုပ်) သင်္ခါရတရားသဘော၌ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဟုရှုသော ဝိပဿနာ ဉာဏ်သည် တစ်သတ်မတ်တည်း အမြင်ဆက်လာပေလိမ့်မည်။ဝိပဿနာရှု့ ဉာဏ်တစ်သမတ်တည်းဆက်လာအောင် ရှုပွားပါလေ။
(နာမ်ရုပ်) ဖြစ်ပျက်အာရုံနှင့် ရှုသိ ဝိပဿနာဉာဏ်အမြင် တစ်ဆက်တည်း အမြင်သန်လာသောအခါ ယောဂီပုဂ္ဂိုလ်၏ ဉာဏ် ၌(သစ္စာနုဗောဓ) သစ္စာနှင့်လျော် သော ဉာဏ်သိမြင်လာပေလိမ် ့မည်။ သစ္စာနှင့်လျော်သော အနဗောဓဉာဏ် ဖြစ် လာပုံကား (နာမ်ရုပ်) သင်္ခါရ ဖြစ်ပျက် သဘောတရားအစဉ်ကို ရှုခိုက် သိမြင်ခိုက် တို ့၌ ဖြစ်သဘောကို မြင်တွေလျှင် မြင်တွေ ့ခိုက်ဖြစ်ကြောင်းတရား (သမုဒယသ စ္စာ)ထင်ရှားမှုကိုသိမြင်လာပေလိမ်မည်။ အကြောင်းတရားချုပ်၍ အကျိုး (နာမ်ရုပ်) သင်္ခါရသဘောတရားတို့ ပျက်စီးချုပ်ပျောက်မူကိုမြင်တွေလျှင် မြင်တွေ့ခိုက် နိရောဓသစ္စာ သင်္ခတနိရောဓ ထင်ရှားမူကို သိမြင်လာပေလိမ့်မည်။(ရုပ်နာမ်)သင်္ခါရ ဖြစ်ခြင်းပျက်ခြင်း သဘောတရားတို့ကို ပစ္စုပ္ပန် ဖြစ်ခိုက်ပျက်ခိုက် မပြတ်နှိပ်စက်မူသဘောကို မြင်တွေ့လျှင် မြ်ငတွေ့ခိုက် ့ခိုက် (ဒုက္ခသစ္စာ) သိမြင်မှုကို ထင်ရှားလာပေ လိမ် ့မည်။ (နာမ်ရုပ်) သင်္ခါရ ဖြစ်ပျက် သဘောတရား၌ ဖြစ်ဉာဏ် ပျက်ဉာဏ် ဖြစ် ပျက်ဉာဏ်ဖြင့် ဆုံးဖြတ်ခိုက် ပိုင်းခြားရှုပွားမှု အသိဉာဏ် သဘောကို မြင်တွေ ့လျှင် တွေ ့သိခိုက် (မဂ္ဂသစ္စာ) ထင်ရှားမှုကို သိမြင်လာပေလိမ် ့မည်။

ထိုသို ့ (နာမ်ရုပ်) သင်္ခါရတရားတို့၌ မမြဲမှုစသော လက္ခဏာရေးသုံးပါးတွင် တစ်ပါးပါးဖြင့် သုံးသပ်ဆင်ခြင် ဆုံးဖြစ်၍ ဉာဏ်ဖြင့် ရှုမြင်သိရှိခိုက် သစ္စာလေးပါ အားလျှော်စွာ သိသွားသည်ကို (အနုဗောဓဉာဏ်) ဟုခေါ်သည်။ ဤကဲ ့သို ့ယောဂီပုဂ္ဂျိလ် သည် (ပဋိပဒါ) ဝိပဿနာအကျင့် လမ်းစဉ်မှန် ဉာဏ်စဉ်များကို တိုးတတ်အောင် ပွားများအားထုတ်နေစဉ် သဒ္ဓါ ၊ ဝီရိယ ၊ သတိ ၊ သမာဓိ ၊ ပညာ ဗိုလ်ငါးပါအားပြည့် သည့် အားလျှော်စွာ (အနုဗောဓဉာဏ်(ဝါ)သစ္စာနုလောမိကခန္တီ) မည်သော(ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိဉာဏ်) အဆင် ့သို ့ရောက်ရှိပေလိမ့်မည်။
ယောဂီပုဂ္ဂိုလ်သည် ဤအဆင့်ကို ရောက်အောင်ပွားများနိုင်ကြမည်ဆို လျှင် လောကုတ္တရာ မဂ် ဉာဏ် ဖိုလ် ဉာဏ်တို ့ကို ရရှိနိုင်ဖိုရန် နီးလေတော့၏။
(ကြိုးစားကြပါလေ . . . ယောဂီအပေါင်းတို ့)။
၅။ဉာဏဒဿနဝိ ဝိသုဒ္ဓိ
ယောဂီဂ္ဂိုလ်သည် (ပဋိပဒါ) ကျင့် လမ်းစဉ်မှန်ကို ဝိပဿန ဉာဏ် ဖြင့် (နာမ်ရုပ်) သင်္ခါရသဘောတရားတို ့၌ လက္ခဏာရေးသုံးပါးတို ့ဖြင့် ပိုင်းခြားဆုံး ဖြတ်၍ ရှုပွားလျှက်နေစဉ် (သစ္စာနုလောမိကခန္တီ) မည်သော သစ္စာနုဗောဓဉာဏ် အားလျော်စွာ သစ္စာတရားတို ့ကို သိရမည် ့ကိစ္စ (ဒုက္ခ) သဘောကို သိမြင်ခြင်း ၊ ပယ်ရမည် ့ကိစ္စ (သမုဒယ) သဘောကို ပယ်သတ်ခြင်း ၊ မျက်မှောက်ပြုရမည့်ကိစ္စ (နိရောဓ) သင်္ခေတ နိရောဓကို မျက်မှောက်ပြုခြင်း ၊ ပွားများရမည့်ကိစ္စ (မဂ္ဂ) ကို ပွားများလျက်နေခြင်းဖြင့် သစ္စာသို ့လျော်စွာ သက်ဝင်လျက် ရှိနေပေသည်။
ဤသို ့အဖန်ဖန် (သစ္စာနုဗောဓ ဉာဏ်) ဖြင့် အားထုတ်ပွားများနေသော ယောဂီပုဂ္ဂိုလ်အား လောကုတ္တရာမဂ်သို ့ ရောက်နိုင်ခဲ ့သည် ရှိသော် ရုပ်နာမ်သင်္ခါရ သဘောရားတစ်ခုခုကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဟု ဝိပဿနာရှု၍ ပိုင်းခြားပြီး မနော ဒွါရဝ ဇ္ဇန်းဖြစ်၍ ပရိကံ ဥပစာ အနုလုံ ဝိပဿနာဉာဏ်ဇောစိတ်ဖြစ်၍ ချုပ်ပြီး တစ် ဆက်တည်း အခြားမဲ ့၌ အသင်္ခတဓာတ် (နိဗ္ဗာန်) ကို အာရုံရှေ ့ရှုသိမှု ဂေါ်တြဘု ဇောစိတ် တစ်ကြိမ် ၊ (နိဗ္ဗာန်) ကို အာရုံပြုသော မဂ်ဇောစိတ်တစ်ကြိမ် ၊ ဖိုလ်ဇော စိတ်နှစ်ကြိမ်ဖြစ်၍ ဘဝင်ကျ၏ ။ ဤပထဝီစိတ် အစဉ်၌ ပရိကံ ဥပစာ အနုလုံဇော စိတ်သည် အနုလောမဉာဏ် မည်၏ ။
(ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ ၏ အဆုံးတည်း။)
ထိုသို ့အစဉ်အားဖြင့် မဂ်ဖိုလ်ရပြီးသောအခါ အထက်မဂ်ဖိုလ် အလို ့ငှာ (နာမ်ရုပ်) သင်္ခါရ သဘောတရားတို ့ကို လက္ခရေးသုံးပါဖြင့် သုံးသပ်ဆင်ခြင်ဆုံး ဖြတ်လျက် သင်္ခါရုပေက္ခာဉာဏ် အဆုံး၌ အထက်မဂ်ဝိထိဖြစ်၏။ ဤသို ့လျှင် မဂ်ဝီထိလေးကြိမ် ၊ အရဟတ္တမဂ်ဝီထိ တိုင်အောင်ဖြစ်၏။ ထိုမဂ်လေးပါ၌ ယှဉ် သောဉာဏ်သည် ကိလေသာအကုသိုလ် တရားအပေါင်းကို (သမုစ္ဆေဒ) ပဟာန် မျိုးပြုတ်အောင် စင်ကြယ်ထက်မြက်ခြင်းကြောင့် (ဉာဏဒဿန ဝိသုဒ္ဓိ) မည်၏။
ဤတွင်ဗုုဒ္ဓ၏ သာသနာတော်မြတ်၌ ရဟန်းကိစ္စဆုံးသည်မည်၏။ ကျင့်ရ မည့်ကိစ္စ ပြီးပြီ။ အဂ္ဂဒက္ခိနေယျ ပုဂ္ဂိုလ်ကြီးအဖြစ်သို ့ရောက်သည်မည်၏။ တစ်မဂ် တစ်ဖိုလ်သို ့ဆိုက်လျှင် (ဒိဋ္ဌိ ဝိစိကိစ္ဆာ) အနုသယနှစ်ပါးတို ့ အပြီးတိုင် ချုပ်ငြိမ်း သောကြောင့် “အပ္ပါယ်လေးပါး တံခါးပိတ်ပြီး သမဏအမည်ရပြီ “ ဖြစ်သည်။
ဣရိယာပထပဗ္ဗ နှင့် သမ္ပဇာနပဗ္ဗ ရှုပွားနည်း
ဆရာတို ့ ယခုဟောမည့် တရားကတော့ “ဣရိယာပထပဗ္ဗ နှင့် သမ္ပဇာနပဗ္ဗ” အပို်င်းကို ဟောကြားပေးပါ့မယ်။ ဣရိယာပထပဗ္ဗ ဆိုတဲ ့ သွား ၊ ရပ် ၊ ထိုင် ၊ လျောင်း ဣရိယာပုဒ်လေးပါ အနေလေးမျိုးတို ့မှ ဝိပဿနာ ရှုပွားတတ် အောင် ဟောကြားပါ့မယ်။

အဲ ့့ဒါကို ဆရာတို ့ မဟာသတိပဋ္ဌာနသုတ်မှာ- ဣဓ ဘိက္ခဝေ ဘိက္ခု ကာ ယေ ကာယနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္စျာဒေါမနဿံ (ဒီ-မဟာဝဂ္ဂပါဠိ ၊ စာ-၂၃၁) အဲ ့ဒီ ကာယနုပဿနာအပိုင်း မှာရှိတဲ ့ အပိုင်းထဲ ့က တစ်ပိုင်းပါပဲ။
ကာယနုပဿနာအပိုင်းမှာ -၁။ အာနာပါနပဗ္ဗ ၂။ ဣရိယာပထပဗ္ဗ ၃။သမ္ပဇာနပဗ္ဗ ၄။ ပဋိကူလ - မနသိကာရပဗ္ဗ ၅။ ဓာတု မနသိကာရပဗ္ဗ ၆။ နဝသိဝထိ ပဗ္ဗ ဆိုပြီးတော့ အပိုင်း(ခြောက်မျိုး) အားဖြင့် ခွဲ ထားပါသည်။
အဲ ့ဒီ အပိုင်းထဲက -
ဣရိယာပထပဗ္ဗ အပိုင်းကို ဟောပါ့မယ် -
ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဂစ္ဆာနေ ္တာ ၀ါ ‘ဂစ္ဆာမိ’ တိ ပဇာနာတိ၊ ဌိတော ၀ါ ‘ဌိတောမှီ’ တိ ပဇာနာတိ၊ နိသိန္နော ၀ါ ‘နိသိန္နောမှီ’ တိ ပဇာနာတိ၊ သယာနော ၀ါ ‘သယာနောမှီ’ တိ ပဇာနာတိ။
ယထာ ယထာ ၀ါ ပနဿ ပဏိဟိတော ဟောတိ၊တထာတထာ နံ ပဇာနာတိ။(ဒီ-မဟာဝဂ္ဂပါဠိ၊ စာ-၂၃၂)အဲ့သလို ဟောထားပါတယ်။
၁။ပုနစ- တစ်ဖန်လည်း ၊ပရံ-တစ်ပါးရှုကုန်ပုံကား၊ ဘိက္ခေဝေ-ချစ်သားရဟန်းတို့၊ဣဓ-ဤငါဘုရား၏ အဆုံးအမ သာသနာတော်၌ ၊ဘိက္ခု-ရဟန်းသည်(၀ါ) ယောဂီပုဂ္ဂိုလ်သည် ၊ဂစ္ဆန္တော ၀ါ-သွားဆဲအခိုက်၌လည်း (၀ါ) သွားဆဲ၌မူလည်း၊ဂစ္ဆာမီိတိ-သွား၏ဟူ၍၊ပဇာနာတိ-ပညာဖြင့်သိ၏။
၂။ဌိတော ၀ါ-ရပ်ဆဲအခိုက်၌မူလည်း (၀ါ)ရပ်ဆဲ၌မူလည်း ၊ဌိတော-ရပ်သည်၊ အမှိ-ဖြစ်၏။ဣတိ-ဤသို့၊ပဇာနာတိ-ပညာဖြင့်သိ၏။
၃။နိသိန္နော ၀ါ-ထိုင်ဆဲအခိုက်၌မူလည်း (၀ါ) ထိုင်ဆဲ၌မူလည်း၊နိသိန္နော-ထိုင်နေသည်၊အမှိ-ဖြစ်၏။ဣတိ-ဤသို့၊ပဇာနာတိ-ပညာဖြင့်သိ၏။ပညာဖြင့်သိ၏။သယာနောဝါ -လျောင်းဆဲအခိုက်၌မူလည်း (၀ါ) လျောင်းဆဲ၌မူလည်း ၊သယာနောမှီတိ -လျောင်းသည်ဟူ၍ ၊ပဇာနာတိ-ပညာဖြင့်သိ၏။အဿ-ထိုယောဂီပုဂ္ဂိုလ်၏၊၀ါပန-သတိတရားဟူသည်လည်း၊ ယထာ ယထာ- အကြင် အကြင်ထားတိုင်းသော၊ကာယော-ရုပ်ကာယသည်၊ပဏိတိတော-ထား၏။တထာ တထာ နံ-ထိုထားတိုင်း ထားတိုင်းသော ရုပ်ကာယ၏ အပေါင်း၌လည်း၊ပဇာနာတိ-ပညာဖြင့်သိ၏။
အဲဒါကို ဆရာတို့ ယောဂီတွေ နားလည်အောင် ပြောရမယ်ဆိုရင်…..
အခု ယောဂီတွေ သွားတယ်၊ရပ်တယ်၊ ထိုင်တယ်၊လျောင်းတယ်၊ မရှိဘူးလား။အဲဒီလို ရှိ့လို့ ရှိရင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘာလုပ်ရမလဲဆိုရင် သွားရင်သွားတယ်လို့သိအောင် လုပ်ပါ။ရပ်ရင် ရပ်တဲ့အခိုက်မှာ ရပ်တယ်လို့သိအောင်လုပ်ပါ။ထိုင်ရင် ထိုင်တဲ့အခါမှာ ထိုင်တယ်လို့ သိအောင်လုပ်ပါ။လျောင်းရင် လျောင်းတဲ့အခိုက်မှာ လျောင်းတယ်လို့ သိအောင်လုပ်ပါလို့ မဟောဘူးလား။
ဘယ်လိုအခြေအနေမျိုးဘဲဖြစ်ဖြစ် အဲ့ဒီလို ကိုယ်ကာယကြီးရဲ့အနေအထားအတိုင်း ထားတိုင်းမှာ ယောဂီရဲ့ သတိတရားဟာ အမှတ်ရှိပြီးတော့ အဲ့ဒီအနေမျိုးတိုင်းမှာလည်း ဘဲ သိအောင်လုပ်ပါလို့ဆိုလိုပါတယ်။
သိအောင်လုပ်ပါဆိုတော့ သွားရင် သွားတယ်လို့“သိ” ဆိုတဲ့နေရာမှာ အသိနှစ်မျိုးရှိပါတယ်။လူတိုင်း လူတိုင်း သတ္တဝါတိုင်း သတ္တဝါတိုင်း သွားရင်သွားတယ်လို့ သိတာကတော့ ပုဂ္ဂိုလ်အနေ သတ္တဝါအနေ အဲဒီလိုသိတဲ့ အသိကတော့ မသိကြဘူးလား၊သိကြတယ်။

အဲဒီလို ပုဂ္ဂိုလ်အနေ သတ္တဝါအနေနဲ့ သွားရင် သွားတယ်လို့ “သိ” ဆိုတာကို ဆိုလိုခြင်း မဟုတ်ပါဘူးတဲ့။အတ္တသညံ နဥဂါ္ဃဋေ တိ-အတ္တသညာဆိုတဲ့ “ငါ”ဆိုသော အမှတ်ကို မခွာဘဲနဲ့ သတိပဋ္ဌာန ဘာဝနာသည်၊န သမ္ပဇ္ဇတိ-မပြည့်စုံ၊န ဟောတိ-မဖြစ်။
အဲ့သလို ပုဂ္ဂိုလ်သတ္တဝါအမှတ်နဲ့ သွားမယ်ဆိုရင် သတိပဋ္ဌာနာ ဘာဝနာ မခေါ်ပါဘူးတဲ့ ကမ္မဋ္ဌာန်းလည်း မဟုတ်ပါဘူး။
အဲ့သလို ပုဂ္ဂိုလ်သတ္တဝါအမှတ်နဲ့ သွားတဲ့အနေနဲ့ ပြောတာဟုတ်ရဲ့လား၊မဟုတ်ပါဘူးတဲ့။ပုဂ္ဂိုလ်အနေ သတ္တဝါအနေနဲ့ သွားတဲ့အသွားကတော့ ဆရာတို့ဆီမှာလာပြီး တခမ်းတနား သင်တန်း တက်စရာ မလိုပါဘူးတဲ့။ကိုယ့်ဟာကိုယ် တော့ သွားရင်သွားတယ်လို့သိတာပေါ့ ။သွားရင်းနဲံကိုယ့်ဟာကိုယ် အန္တရာယ်ဖြစ်မှာ ကြောက်လို့ ရှောင်တိမ်းတတ်ကြတာပဲ။
ဒီလို လောကအသိ ပုဂ္ဂိုလ်သတ္တဝါအသိကို ဆိုလိုတာမဟုတ်ပါဘူးတဲ့။ပုဂ္ဂိုလ်သတ္တဝါအမှတ်ကို ပျောက်စေပြီးတော့ ၀ိပဿနာပညာနဲ့သိတဲ့ အသိကိုဆိုလိုပါတယ်။
ဒီလိုဆိုရင် ၀ိပဿနာပညာနဲ့သိတဲ့ သွားရင်သွားတယ်လို့ ဘယ်လိုသိရမှာတုံး။စိတ္တကိရိယာဝါယောဓာတု ၀ိက္ခေပဝသေန ကာယဿ အဥ္စန ဟောတိ၊ပုဂ္ဂလဿ အဥ္စန န ဟောတိလို့ ရှင်းထားပါတယ် ။စိတ္တကိရိယာ ၀ါယောဓာတု-စိတ်ကပြုလုပ်အပ်သော ၀ါယောဓာတ်၏၊၀ိက္ခေပေဝသေန-ပျံ့လွင့်သော အစွမ်းအားဖြင ့်၊ကာယဿ -မဟာဘုတ်၏၊အဥ္စနာ-ပြောင်းလွဲလှုပ်ရှားခြင်းသည် ၊ဟောတိဖြစ်၏။
သွားတယ်ဆိုတာ တစ်ခြားမဟုတ်ပါဘူးတဲ့၊ပရမတ္တသဘာဝနဲ့ ကြည့်မယ်ဆိုရင် သွားချင်တဲ့စိတ်ကလေးကို အကြောင်းပြုပြီးတော့ စိတ္တဇဝါယောဓာတ်တွေ ခန္ဓာမှာ ပျံလွင့်သွားတဲ့အခါမှာ စိတ္တဇဝါယောဓာတ် တွန်းကန်လိုက်တဲ့အတွက်ကြောင့် ကျန်တဲ့ ပထဝီတေဇော အာပေါ အစရှိတဲ့ ဓာတ်တွေ ပြောင်းလဲသွားတဲ့အမူအယာလေးကို လောကသမုတိနဲ့ပြောတော့ သွားတယ်လို့ဆိုလိုခြင်းဖြစ်တယ်။
တကယ့် ပရမတ္တသဘာဝနဲ့ ပြန်ပြီးတော့ ဉာဏ်နဲ့ ကြည့်မယ်ဆိုရင်-သွားချင်တဲ့စိတ်ကနာမ်တရား ၊သွားချင်တဲ့စိတ်ကို အကြောင်းပြုပြီး တွန်းကန်လိုက်တဲ့အတွက်ကြောင့် ကျန်တဲ့မဟာဘုတ်တွေ ရွေ့လျားသွားပါတယ်။
အဲဒီ ရွေ့လျားသွားတဲ့ အမူအယာ ၀ါယောဓာတ်ကလေးက ရုပ်တရား၊သွားချင်တဲ့နာမ် အကြောင်းပြုပြီးတော့ တွန်းကန်လှုပ်ရှားသွားတဲ့ ၀ါယောဓာတ်ကလေး ဖြစ်ပေါ်ပါလား။သူနဲ့ သဟဇာတ် ဓာတ်ကြီးလေးပါးတွေ ပြောင်းလဲသွားပါလား။အဲ့သလို သတိပဋ္ဌာန်အမှတ်ပြုပြီးတော့ ရုပ်ရဲ့သဘောလေးပေါ်မှာ နောက်က ပဇာနနဋ္ဌေန -ပညာဉာဏ်ဖြင့် ပိုင်းခြားပြီးတော့၊ “နာမ်” အကြောင်းကြောင့် “ရုပ်” အကျိုးပေါ်တယ်လို့ အဲ့ဒီဝါယောဓာတ်ရဲ့ ရုပ်ပေါ်မှာ သတိပဋ္ဌာန်အမှတ်ပြုပြီးတော့ ရှုပွားတဲ့သဘောကို ဆိုလိုခြင်းဖြစ်ပါတယ်တဲ့။
အဲဒီလိုဆိုရင် သွားရင်သွားတယ်လို့ သိ ဆိုတဲ့ ပါဋ္ဌိစကားသည် ယောဂီတွေကို ဘုရားရှင် ဟောကြား အပ်တာသည် ပုဂ္ဂိုလ်သတ္တဝါနဲ့ သွားတဲ့အပေါ်မှာ မှတ်ရမှာလား၊ပုဂ္ဂိုလ်သတ္တဝါ အမှတ်ပျောက်ပြီးတော့ ပရမတ္တသဘာဝ ရုပ်တရား နာမ်တရားပေါ်မှာ မှတ်ရမှာလား။“ရုပ်”တရား “နာမ်”တရား ပေါ်မှာမှတ်ရမှာပါဘုရား။တစ်နည်းအားဖြင့် ဣရိယာပထ ရှုမှတ်ပုံမှာ အဋ္ဌကထာတွင်
ဂစ္ဆာန္တောဝါ ဂစ္ဆာ မီတိ ပဇာနတိ
တသ္မာ ဧသာ ဧဝံ ပဇာနာတိ-“ဂစ္ဆာမိ” တိ စိတ္တံ ဥပ္ပဇ္ဇတိ၊
တံ ၀ါယံ ဇနေတိ၊၀ါယော ၀ိညတ္တိ ံ ဇနေတိ။
(၁)စိတ္တကိရိယ ၀ါယောဓာတု ၀ိပ္ဖါရေ သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။(ဒီဋ္ဌ-၂၊ စာ-၃၅၇)။ဧသ- သွားချင်သည်ဟု သိသောယောဂီသည် ၊ဧဝံ -ဤဆိုလတ္တံသော နည်းအားဖြင့် ၊ပဇာနာတိ-ပိုင်းခြား၍ သိ၏။၀ါ ပိုင်းခြား၍ သိ်၏။

ဂစ္ဆာမိ တိ စိတ္တံ-သွားမည် ဟု ကြံစည်မှုစိတ်သည်၊ ဥပ္ပဇ္ဇတိ-ဖြစ်၏။တံ-ထိုစိတ်သည်၊ ၀ါယံ ဇနေတိ -၀ါယော ထောက်ကန်လှုပ်ရှားမှုကို ဖြစ်စေ၏။၀ါယော-ထောက်ကန်လှုပ်ရှားမူသည် ၊၀ိညတ္ထိ ံဇနေတိ-တွန်းမှုအမူအရာ အထူးဟူသော ၀ိညတ်ကိုဖြစ်စေ၏။စိတ္တကိရိယ ၀ါယောဓာတုဝိပ္ဖရေ-စိတ်က ပြုအပ် ဖြစ်စေအပ်သော ထောက်ကန်ရွေ့လျားမှုသဘော၏ ပျံ့နှံ့ခြင်းကြောင့်၊သကလကာယဿ-ကိုယ်ဟု ခေါ်ဆိုအပ်သော ရုပ်အားလုံး၏၊ပုရတော အဘိနီဟာရော- လိုရာ ရှေ့ဖက်သို့ တရွှေ့တရွေ့ခြင်း ရှေးရှု့ဆောင် သွားခြင်းကို ၊ဂမနန္တိ-သွားခြင်းဟူ၍ ၊ဝုစ္စတိ-ခေါ်ဆိုအပ်၏။ဤသို့သိအပ်၏။အဲဒါကိုသေသေချာချာ လေးလေးနက်နက် မှတ်ထားပါ။သွားတယ် သွားတယ် ၊ ထိုင်တယ် ထိုင်တယ် ၊လျောင်းတယ် လျောင်းတယ်၊ ရပ်တယ် ရပ်တယ် ဒီလိုမှတ်ရုံနဲ့ ပြီးတာမဟုတ်ပါဘူး။အတ္တသညာပုဂ္ဂလသညာ မကွာဘဲနဲ့ မှတ်လို့ရှိရင် ကမ္မဋ္ဌာန်းလဲ မမည်ပါဘူး။သတိပဋ္ဌာန ဘာဝနာလည်း မပြည့်စုံပါဘူး။ကိလေသာလည်းမကွာပါဘူး။
ကမ္မဋ္ဌာန်းတရား အားထုတ်တယ်ဆိုတာဟာ မိမိသန္တာန်မှာ ဖြစ်ခွင့်ဖြစ်ထိုက်တဲ့ ကိလေသာတရားမဖြစ်ရအောင် ၀ိပဿနာဉာဏ်နဲ့ တားဆီးနေတာပါ (၀ါ)ကျင့်နေတာပါ။
အဲဒီလို ကိလေသာတွေနဲ့ ဆက်စပ်ပြီးတော့ ပွားနေမယ်ဆိုရင် ၀ိပဿနာစင်ကြယ်ပါ့မလား။ဒါကြောင့်မို့ ဆရာတို့ မိုးကုတ်ဆရာတော်ဘုရားကြီးက စကားတစ်ခွန်းနဲ့ အမိန့်ရှိပါတယ်။
“၀ိပဿနာ အားထုတ်ဖို့ နောက်ထားဟေ့၊ အသိနဲ့ ဒိဋ္ဌိ အရင်ဖြုတ်” တဲ့၊ “ဒီ ဒိဋ္ဌိကြီး တန်းလန်းနဲ့အားထုတ်မယ်ဆိုရင် (၀ါ) ငါစွဲတန်းလန်းနဲ့ အားထုတ်နေမယ်ဆိုလို့ရှိရင် ၀ိပဿနာမစင်ကြယ်တဲ့အတွက်ကြောင့် ဘယ်လောက်ပဲ အားထုတ် အားထုတ် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရဘူးဟေ့”တဲ့။
ဒါ ပါဋ္ဌိတော်ကစကား အရပ်သားတွေ နားလည်အောင် ဆရာကြီးက လွယ်လွယ်ပြောလိုက်တာ ဘဲ၊ ယောဂီတွေလည်း ပဲ မှတ်ထားရမှာက သွားရင် သွားတယ်လို့သိ၊ ရပ်ရင် ရပ်တယ်လို့သိ ၊ ထိုင််ရင် ထိုင််တယ်လို့သိ၊ လျောင်းရင် လျောင်းတယ်လို့ “သိ” ဆိုတဲ့စကားဟာ ငါ့အနေ ၊သူ့အနေ ၊ပုဂ္ဂိုလ် ၊သတ္တဝါ ၊ယောက်ျား၊မိန်းမ အနေ နဲ့ သိတဲ့အသိမျိုး ၊ပညတ် အသိမျိုး မဟုတ်ပါဘူး လို့ ဒီလိုသဘောပေါက်ရမယ်။
ပရမတ္တသဘာဝ ရုပ်တရား၊ နာမ်တရား နှစ်ပါး။ နာမ်အကြောင်းပြုပြီး ရုပ်အကျိုးတွေ ပေါ်နေတဲ့အပေါ်မှာ အသိအမှတ်ပြုပြီးတော့ သတိမရှိရင် ဝီရိယစိုက်။ သဒ္ဓါဆိုတဲ့ ယုံကြည်မှု၊ သတိဆိုတဲ့ အောက်မေ့မှု၊ ဝီရိယဆိုတဲ့ အားထုတ်မှုအပေါ် အကြောင်းပြုပြီးတော့မှ ပေါ်ဆဲ ပေါ်ဆဲ အခိုက်မှာရှိတဲ့ ဓာတ်တွေရဲ့အပေါ် အစ အလယ် အဆုံး သိတဲ့ "ခဏိကသမာဓိ"ပေါ်က ဒါဟာ 'ဓာတ်တရားပါလား'လို့ ပညာဖြင့်သိတဲ့ အသိကိုရအောင် ပွားရပါမယ်။
အဲ့လို ပညာဖြင့် သိတဲ့အသိဟာ ဆရာ မူလကမ္မဋ္ဌာန်းပေးတုန်းကလိုပေါ့။ ရှုချင်တဲ့ စိတ်ကလေးအကြောင်းပြုပြီး ပေါ်လာတဲ့ ၀ါယောဓာတ်သည် ရှုချင်တဲ့ စိတ်ကလေးလဲဆုံးရော အဲ့ဒီဝါယောဓာတ် ကလေးကလဲ ချုပ်သွားတာပဲ။ ရှိုက်ချင်တဲ့စိတ်ကလေးအကြောင်းပြုပြီးတော့ ၀ါယောဓာတ်ကလေး ပေါ်ပေါ်လာတယ်။ ရှိုက်ချင်တဲ့ စိတ်ကလေးလဲဆုံးရော အဲ့ဒီဝါယောဓာတ်ကလေးလဲ ချုပ်သွားတာပါပဲ။
အကြောင်းတရားကြောင့်ပေါ်လာတဲ့ ၀ါယောဓာတ်က အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်ပြီး ပေါ်ပေါ်က်နေတယ်။ အဲ့ဒီဥပမာအတိုင်းပဲ လှမ်းဆဲလှမ်းခိုက်မှာ သွားချင်တဲ့စိတ်ကလေး အကြောင်းပြုပြီးတော့ စိတ္တဇဝါယော ဓာတ်တွေ ပေါ်လာတယ်။ သွားချင်တဲ့စိတ်ကလေး ချုပ်တာနဲ့ တစ်ချက်ထဲ သူနဲ့အတူဖြစ်တဲ့ ၀ါယောဓာတ်ရော မချုပ်သွားဘူးလား၊ ချုပ်သွားတယ်။
ဒါက ဘုရားရှင်ကိုယ်တော်မြတ် ခပ်ကျဲကျဲလေး ပထမသင်လိုက်တာ အဲ့ဒီတော့ ယောဂီတွေက မှတ်ထားပါ။ သွားတဲ့အခါ သတိကပ်ပါ။ ဘယ်ပေါ်ကပ်ရမှာတုန်း၊ သွားချင်တဲ့စိတ် အကြောင်းပြုပြီးတော့ ပေါ်လာတဲ့ လှုပ်ရှားသွားတဲ့ ၀ါယောဓာတ်လေးကို ဦးစွာ မကျွမ်းကျင်ခင်မှာ ဖြည်းဖြည်းလုပ်ကြည့်ရမယ်။ ခပ်ကျဲကျဲဆို သွားချင်တဲ့ စိတ်ကလေးပေါ်လာတယ်၊ လှမ်းလိုက်တယ်၊ လှမ်းလိုက်တော့ အဲ့ဒီမှာ ၀ါယောဓာတ်ရဲ့ အမူအရာ မပျံ့လွင့်သွားဘူးလား၊ ပြောင်းလဲသွားတယ်။ အဲ့ဒါလေး သတိထားကပ်ပြီးသိပါ၊ 'ငါ'လှမ်းတယ်လို့ 'အမှတ်မပြုနဲ့'၊ 'ခြေထောက်'က လှမ်းတယ်လို့ 'အမှတ်မပြုနဲ့' လောကအသုံးတရား ပညတ်တွေ ခွာပြီးတော့ ရှိနေတဲ့ ပရမတ္တ ၀ါယောဓာတ်ကလေးပေါ်မှာ သတိလေးထားပြီး-

နံပါတ်(၁) သိအောင်လုပ်ရတယ်- မူလကမ္မဋ္ဌာန်းထိုင်တုန်းမှာလိုပဲ၊ အဲ့ဒီမှာ ဖြစ်လာတဲ့ စိတ်ကြောင့် ဖြစ်လာတဲ့ သွားတယ် သွားတယ်၊ သွားတဲ့အခိုက်မှာ ဖြစ်လာတဲ့ ၀ါယောဓာတ်ကို သတိလေးထားပြီးတော့ သိအောင်လုပ်ရတယ်။ ဘယ်လောက်သိအောင် လုပ်ရမလဲဆိုရင် အဲ့ဒီတစ်လှမ်းမှာရှိတဲ့ ၀ါယောဓာတ်ရဲ့ အစ၊ အလယ်၊ အဆုံး သုံးချက်လုံးကို သိအောင်လုပ်ရမယ်။
အဲ့သလို သိလာတဲ့အချိန်မှာ သွားဆဲအခိုက်မှာ သတိပဋ္ဌာန်ဖြစ်နေတဲ့ ရုပ်ကာယ ၀ါယောဓာတ်အပေါ်မှာ သတိပဋ္ဌာန် ဖြစ်မနေဘူးလား၊ သတိပဋ္ဌာန် အမှတ်ရှိနေတယ်။ အဲ့ဒီ သတိပဋ္ဌာန် အမှတ်ရှိလာတဲ့ အပေါ်ကမှ နောက်တစ်ဆင့် အကြောင်းကြောင့်ဖြစ်တဲ့ အကျိုးတရားပဲ၊ ဖြစ်ပြီးလဲ ပျက်တယ်ဆိုတဲ့ ၀ိပဿနာဉာဏ် ထပ်ဆင့်တက်ရမှာပေါ့နော်။
အဲ့ဒီလို ရပ်တဲ့အချိန်မှာ ရပ်တဲ့စိတ်နဲ့၊ ရပ်တဲ့ ထောက်ကန်ဝါယောဓာတ်၊ သွားတဲ့အခိုက်မှာကတော့ သမုဒီရဏ ၀ါယောလက္ခဏာ ထင်ရှားတယ်၊ရွှေ့လျားတဲ့လက္ခဏာ။ရပ်တဲ့အခိုက်မှာတော့ ၀ိတ္ထမ္ဘန လက္ခဏာ ၀ါယောဓာတ်ထင်ရှားတယ်၊ထောက်ကန်ထားတယ်။ ရပ်တဲ့အခိုက်မှာ ဖြစ်နေတဲ့ ၀ါယောဓာတ်က တောင့်တင်းတဲ့ လက္ခဏာရှိတယ်၊ သွားတဲ့အခိုက်မှာရှိတဲ့ ၀ါယောဓာတ်တွေက ရွေ့လျားတဲ့ လက္ခဏာရှိတယ်။
အဲ့ဒီလို ဣရိယာပုထ် တစ်ခုနဲ့တစ်ခု မတူတဲ့ဓာတ်တွေရဲ့ ပြောင်းလဲမှုတွေကို ကြည့်ခြင်းအားဖြင့် သတိထားမယ်ဆိုရင် မမြဲတဲ့ သဘောတရားတွေ မထင်ရှားနေဘူးလား၊ ထင်ရှားနေတယ်။ အဲ့သလိုပဲ ထင်ရှားရှိနေတဲ့ ၀ါယောဓာတ်နဲ့ တုံးလုံးလှဲနေတဲ့ အချိန်မှာဖြစ်တဲ့ ၀ါယောဓာတ်ကတူရဲ့လား၊ မတူပါဘူး။ စိတ်ချင်းလဲမတူဘူး။ ထိုင်ချင်တဲ့အခါမှာရှိတဲ့ စိတ်က ထိုင်တဲ့စိတ်၊လျောင်းတဲ့အခါမှာ ရှိတဲ့စိတ်က လျောင်းတဲ့စိတ်၊ ဣရိယာပုထ် အနေတွေမှာ ဓာတ်တွေမတူသလိုဘဲ စိတ်အနေအထားတွေရော တူရဲ့လား။
အဲ့သလို နာမ်အကြောင်းကြောင့် ရုပ်အကျိုးပေါ်တာကို ပေါ်တိုင်းပေါ်တိုင်းမှာ သဒ္ဓါ သတိ ဝီရိယ နဲ့ရှုပွားမယ်ဆိုလို့ရှိရင် ယောဂီတို့ရဲ့ သန္တန်မှာ ဖြစ်ပေါ်ခွင့်ရှိတဲ့ ကိလေသာတရားတွေ ပေါ်ခွင့်ရှိပါ့တော့မလား။ငါပဲ သူပဲ ပုဂ္ဂိုလ်ပဲ သတ္တဝါပဲ လို့ထင်ထားတဲ့ မိစ္ဆာာဒိဋ္ဌိတွေ မလာနိုင်ဘူး။ပညတ်အသိ ပညတ်နယ်က လွန်မြောက်ပြီး ပရမတ်နယ်ကို ရောက်ပြီး ပရမတ်အသိရပြီ။
တစ်နည်းအားဖြင့် မသိတဲ့ အဝိဇ္ဇာတရား “ချုပ်” တဲ့အတွက်ကြောင့် လောဘဆိုတဲ့တရား၊ ဒေါသဆိုတဲ့တရားတွေပေါ်ခွင့်ရှိသေးရဲ့လား၊ ရှုနိုင်တဲ့အခိုက်မှာ ပေါ်ခွင့်မရှိတော့ဘူး။ တကယ်လို့သွားတယ် ၊ရပ်တယ်၊ ထိုင်တယ်၊လျောင်းတယ် ဆိုတဲ့ဣရိယာပုတ်တွေမှာ မရှုဘူးဆိုရင် ကိလေသာတွေနဲ့ သွားမယ်၊ရပ်မယ်၊ထိုင်မယ်၊လျောင်းမယ် ပေါ့။ငါသွားတယ် ၊သူသွားတယ်၊ဒီလိုမရှိဘူးလား။
ဒါကြောင့်မို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အဲ့ဒါကို ဘယ်လောက်ထိပွားရမလဲဆိုရင် ၊ဣတိ အဇ္စျတ္တံ ၀ါ ကာယေ ကာယာ နုပဿီ ၀ိဟရတိ၊ ဗဟိဒ္ဓါ ၀ါ ကာယေ ကာယာနုပဿီ ၀ိဟရတိ ၊ဗဟိဒ္ဓါ ဝကာယေ ကာယနုပီဿဝိဟရတ (မဟာသတိပဋ္ဌာနသုတ်ပါဋ္ဌိ၊စာ-၂၃၂)ဤကဲ့သို့ အဇ္စျတ္တံ ၀ါ-မိမိ၏ အဇ္စျတ္တ သန္တာန်၌လည်း၊ကာယေ-ရုပ်ကာယအပေါင်း၌ ၊အနုပဿီ-အဖန်ဖန်ရှု၍ ၀ိဟရတိ-နေ၏။ ဗဟိဒ္ဓါ ၀ါ -အပြင်အပ သဏ္ဍာန်၌လည်း၊ ကာယေ -ရုပ်ကာယ အပေါင်း၌ ၊ကာယာ နုပဿီ-ရုပ်ကာယအပေါင်းကိုပင် အဖန်ဖန်ရှု့လေ့ရှိသည်။ ဟုတွာ-ဖြစ်၍၊၀ိဟရတိ-နေ၏။
မိမိရဲ့ သန္တာန်မှာတင် မကပါဘူးတဲ့၊ပထမ မိမိရဲ့ အဇ္စျတ္တ သန္တာန်ကို ရှု့ရမှာပဲ၊မိမိရဲ့ အဇ္စျတ္တ သန္တာန်ကို သွားချင်တဲ့ နာမ်တရားနဲ့၊သွားတဲ့အမူအယာ ရုပ်တရားကို သဘောပေါက်သလိုပဲ၊ဗဟိဒ္ဓမှာ မြင်မယ် ဆိုရင်လည်းသွားနေတဲ့ သဏ္ဍာန်တွေဟာ ယောကျ်ားတွေ သွားနေတယ်၊ မိန်းမတွေ သွားနေတယ်၊ပုဂ္ဂိုလ်တွေ သွားနေတယ်၊ သတ္တဝါတွေ သွားနေတယ်ဆိုတဲ့ အဲဒီလိုအမြင်မျိုး မမြင်ဘဲနဲ့ သြော်-သွားနေတဲ့ သဘောတရားလေးဟာ စိတ္တဇကြောင့်ဖြစ်တဲ့ အမူအရာတွေ ပြောင်းနေပါလားလို့ ဗဟိဒ္ဓသဏ္ဍာန်မှာ မြင်တဲ့အပေါ်မှာလဲမရှုရဘူးလား၊ရှုရမယ်။

နံပါတ်(၁)-အဇ္စျတ္တကိုရှုရမယ်။
မိမိရဲ့သန္တာန်ကို အဓိကထားရှုရမယ်။မိမိရဲ့ သန္တာန်မှာ အကြောင်းနဲ့အကျိုး၊နာမ် နဲ့ရုပ် ကို ပိုင်ပိုင်နိုင်နိုင် မိလို့ သဘောပေါက်ပြီ ဆိုလို့ရှိရင် ဗဟိဒ္ဓအမြင်မှာ မြင်တဲ့အပေါ်မှာလည်းပဲ သွားနေတာဟာ ပုဂ္ဂိုလ်တွေ သွားနေတာမဟုတ်ဘူး။သတ္တဝါတွေ သွားနေတာမဟုတ်ဘူး။ ယောက်ျား မိန်မ ဆိုတဲ့ သဘောတွေ သွားနေတာမဟုတ်ဘူး။သွားချင်တဲ့ စိတ်ကလေးအကြောင်းပြုပြီးတော့ ၀ါယောဓာတ်သည် ပျံ့လွင့်ပြီးတော့ ရုပ်အမူအရာတွေ ပြောင်းနေတာပဲလို့ နှလုံးသွင်းမယ်ဆိုရင် အဲ့ဒီ ဗဟိဒ္ဓ သဏ္ဍာန်မှာရှိတဲ့အပေါ်မှာ ကိလေသာဖြစ်ပါ့မလား၊မဖြစ်ဘူးပေါ့။
အဲ့ဒီလို ဗဟိဒ္ဓ သဏ္ဍာန်မှာရှိနေတဲ့ အပေါ်မှာ သတိပဋ္ဌာန် အသိတွေ မရှိဘူးဆိုလို့ရှိရင် ၊ပညာနဲ့ မဆင်ခြင်ဘူးဆိုလို့ရှိရင် ၊ဗဟိဒ္ဓ သဏ္ဍာန်ရဲ့အမူအယာကို နိမိတ္တ-ပုံပန်းသဏ္ဍာန် နိမိတ်ကိုယူတယ်။အနုဗျဥ္စန-အဲ့ဒီကတစ်ဆင့် ပြုံးတယ်၊ရယ်တယ်။အမူအယာပြောင်းလဲတဲ့အပေါ်မှာ နိမိတ်တွေယူပီးတော့ ကိလေသာမဖြစ်ဘူးလား ၊ ဖြစ်တယ်။မိမိရဲ့ သန္တာန်မှာလည်း ထိုနည်းလည်းကောင်းပါပဲ၊ နိမိတ်ပုံပန်း သဏ္ဍာန်ကို အာရုံပြုတယ်၊အနုဗျဥ္စန-အင်္ဂါကြီးငယ်ရဲ့ အပြောင်းအလဲ အမူအယာအပေါ် အာရုံပြုတယ်ဆိုရင် အဲ့ဒိအပေါ်မှာ ပညတ်တွေ အာရုံပြုပြီးတော့ အဇ္စျတ္တ သန္တာန်မှာလည်း ရာဂစိတ်တွေ ဖြစ်နိုင်တယ်။ဒေါသစိတ်တွေဖြစ်နိုင်တယ်။ဒိဋ္ဌိတွေ ဖြစ်နိုင်တယ်။အပြင်အပ သဏ္ဍာန်မှာလည်းပဲ ရာဂစိတ်တွေ မဖြစ်နိုင်ဘူးလား ၊ဒေါသစိတ်တွေ မဖြစ်နိုင်ဘူးလား၊ဒိဋ္ဌိ တွေကော မဖြစ်နိုင်ဘူးလား။
အဲ့ဒီရဲ့ နိမိတ်အမူအယာ ပုံပန်းသဏ္ဍာန်ပေါ်မှာ၊ ပညတ်ပေါ်မှာ နှလုံးသွင်းပြီ ဆိုလို့ရှိရင် သုဘသညာနဲ့နှလုံးသွင်းပြီးတော့ ရာဂတွေ ဖြစ်နိုင်ပါတယ်။တဏှာ လောဘတွေ ဖြစ်နိုင်ပါတယ်။တစ်ခါတစ်လေ ပုံပန်းသဏ္ဍာန် အနိဋ္ဌာရုံကို နှလုံးသွင်းမိ ပြန်ရင်လည်း မကျေနပ်တဲ့ဒေါသတွေ မဖြစ်ဘူးလား။ဒီပုံပန်း သဏ္ဍာန်မြင်ရတာ တကယ်မကျေနပ်ဘူး၊ ဒီလိုဖြစ်လာတယ်။တစ်ခါတစ်လေ အဲ့ဒါကိုပဲ ပုဂ္ဂိုလ်ပဲ သတ္တဝါပဲ လို့ နှလုံးသွင်းမယ်ဆိုပြန်ရင်လည်း ဒိဋ္ဌိတွေ ဖြစ်မလာဘူးလား။ဒီလိုဆိုရင် သတိ ၀ိရိယတွေ လွတ်ပြီးတော့ ပညာနဲ့ ဆင်ခြင်မှုမရှိတဲ့ ပုဂ္ဂိုလ်ရဲ့ သွား ရပ် ထိုင် လျောင်းလေးပါးမှာ ကိလေသာတွေ ဖြစ်နေတာ မပေါ်လာဘူးလား၊ပေါ်လာတယ်။
အဲ့ဒါကြောင့်မို့ ဣရိယာပုထ်တွေမှာ ကိလေသာတွေ အဖြစ်နည်းအောင် ၀ိပဿနာ ဉာဏ်တွေ ဖြစ်ပေါ်လာအောင် ပွားကြရမယ်လို့ သဘောပေါက်ရလိမ့်မယ်။
ဒီနေ့စပြီး ဆရာ သင်ပေးလိုက်တဲ့ အတွက်ကြောင့် သွားတဲ့အခါမှာ သတိလေးထားပါ။သဒ္ဓါတရားကတော့ ရှိပြီ။မရှိလဲ ချီးမြှောက်ပေး ၊သဒ္ဓါဖြစ်မြောက်အောင်လုပ်။ယုံကြည်မှု သဒ္ဓါတရားလေးကို လက်ကိုင်ထား ။ဘုရားရှင်အပေါ်မှာ ယုံကြည်မှု ၊တရားအပေါ်မှာ ယုံကြည်မှု၊သံဃာအပေါ်မှာ ယုံကြည်မှု ၊သင်ပြတဲ့ ဆရာသမားအပေါ်မှာ ယုံကြည်မှု၊မိမိရဲ့အကျင့်ပေါ်မှာ ယုံကြည်မှု၊အဲ့သလို ယုံကြည်မှုတွေနဲ့ သဒ္ဓါတရားလေးကိုထားပြီးတော့ သတိတရားလေးကို ကိုယ်သွားမယ့် အမူအရာလေးပေါ်မှာ ကပ်ထား။တကယ်လို့ သွားမယ့်အမှုအရာလေး ပေါ်မှာကပ်ထားလို့ သတိကမနေဘူး ထိုင်တုန်းမှာလိုပဲ ကာမစ္ဆန္ဒ ဗျာပါဒ ထိနမိဒ္ဓ ကုက္ကုစ္စ ၀ိစိကိစ္ဆာဆိုတဲ့ နီဝရဏ အကုသိုလ်တွေ အပေါ်မှာ ကျက်စားသည်ရှိသော် အဲ့ဒါလေးကို သိပြီးတော့ ဒါအကုသိုလ်ပဲ ဆိုပြီးတော့ ကမ္မဋ္ဌာန်းသွားဆဲ အာရုံပေါ်မှာရှိတဲ့ ဓာတ်ပေါ် ပြန်တင်ရင် မရဘူးလား၊ ပြန်တင်လိုက်။
အဲ့သလို ကြိုးစာလာတာ။သတိ နဲ့ ဝီရိယရှိပြီ ဆိုလို့ရှိရင် သွားဆဲ သွားခိုက် ၊ရပ်ဆဲ ရပ်ခိုက်၊ ထိုင်ဆဲ ထိုင်ခိုက်၊လျောင်းဆဲ လျောင်းခိုက်မှာ ဖြစ်တဲ့ ၀ါယောဓာတ်ရုပ်တရားရဲ့ အပေါ် ရုပ်ကာယရဲ့အပေါ်မှာ သတိလေး တည်မနေဘူးလား၊တည်လာနိုင်တယ်။

အဲ့သလို တည်လာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုရင် သမုဒယဓမ္မာနုပဿီ ၀ါကာယသ္မိ ံ ၀ိဟရတိ၊ဝယဓမ္မာနုပဿီ ၀ါ ကာယ သ္မိ ံ ၀ိဟရတိ၊ သမုဒယဝယ ဓမ္မာနုပဿီ ၀ါ ကာယ သ္မိ ံ ၀ိဟရတိ(ဒီ-မဟာဝဂ္ဂပါဋ္ဌိ၊ စာ-၂၃၂၀၊ ကာယသ္မိ ံ -ရုပ်ကာယအပေါင်း၌ ၊သမုဒယ ဓမ္မာနုပဿီ ၀ါ-ဖြစ်ခြင်းသဘောကိုလည်း အဖန်ဖန် ရှုလေ့ရှိသည်။ဟုတွာ-ဖြစ်၍၊၀ိဟရတိ-နေ၏။ကာယ သ္မိ ံ-ရုပ်ကာယအပေါင်း၌လည်း (၀ါ) ဓာတ်အပေါင်း၌လည်း ၊ ဝယဓမ္မနုပဿီ ၀ါ-ပျက်ခြင်းသဘော ကိုလည်း အဖန်ဖန် ရှုလေ့ရှိသည်။ဟုတွာ- ဖြစ်၍၊၀ိဟရတိ-နေ၏။ ကာယသ္မိ ံ-ရုပ်ကာယအပေါင်း၌ သမုဒယဝယ ဓမ္မာနုပဿီ ၀ါ-ဖြစ်ခြင်း သဘော၊ ပျက်ခြင်းသဘောတရား၌လည်း အဖန်ဖန် ရှုလေ့ရှိသည်၊ဟုတွာ-ဖြစ်၍၊၀ိဟရတိ-နေ၏။
ဤပုဒ်သည် အနိစ္စ ဒုက္ခ အနတ္တ ရှုခိုင်းတာ မဟုတ်သေးဘူး။ ပထမ သွားတယ်၊ သွားတယ်ဆိုတဲ့ အပေးမှာ ပေါ်လာတဲ့ ဓာတ်ရဲ့ ဖြစ်လာတဲ့အပေါ်မှာ ၊သွားလိုက်တဲ့အဆုံးမှာ သွားတဲ့ဝါယောဓာတ် အပေါ်မှာ သုံးချက်လုံးလိုက်ပြီးတော့ သတိကနေနိုင်မှု မရှိသေးပါဘူး။ကျင့်တဲ့အခိုက်မှာ နေလို့ရရဲ့လား၊ပြောတော့လွယ်လွယ်လေး၊ အခုပင်တိုင် အားထုတ်နေတဲ့ ၀ါယောဓာတ်လေးပင်လျှင် ရှုချင်တဲ့စိတ် အကြောင်းပြုပြီး ပေါ်လာတယ်။
အစ အလယ် အဆုံး “ရှုပါလို့ဆိုရင်” ဖြစ်တယ်။ ဖြစ်တယ် ပျောက်တယ် ။ အဲ့ဒီ အပေါ်မှာ သတိထားပြီး သိအောင်လုပ်ပါ၊လွယ်ရဲ့လား။အဲ့သလို ထိုင်ပြီးတော့ ငြိမ်ငြိမ်သက်သက် ဖမ်းတာတောင်မှ မလွယ်လို့ရှိရင် သွားရင် သွားရင်းမှာ ပေါ်လာတဲ့ ၀ါယောဓာတ်ရဲ့ အပေါ်မှာ ပေါ်တာရယ် ပေါ်တာရယ် ပျောက်တာရယ် ပျောက်တာရယ် သတိကပ်ပြီးတော့ ဘေးစိတ်တွေ မပျံ့လွင့်ဘဲ သတိ ပဋ္ဌာန်ဖြစ်အောင် ပွားများဖို့လွယ်ပါ့မလား၊မလွယ်ပါဘူး။သို့သော် လွယ်တာ မလွယ်တာ အသာထား၊သံသရာက ထွက်မြောက်လိုတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကိလေသာကို ပယ်သတ်လိုတဲ့ ယောဂီတွေသည် ပွားကိုပွားရမှာပဲ။ဆိုလိုတာက ခုနက ပုဒ်သည် တစ်ခါတည်း ဖြစ်ပျက်ရှုခိုင်းတာ မဟုတ်သေးဘူးလို့ပြောချင်တာ။
အဲ့သလို ကမ္မဋ္ဌာန်း အာရုံမှာ သွားတဲ့ ၀ါယောဓာတ်အပေါ် သတိအမှတ်ရှိပြီး မနေမချင်း အဖန်ဖန် ဖြစ်တဲ့ သဘောပေါ်မှာလဲ သိရမယ်။ပျောက်တဲ့ သဘောပေါ်မှာလည်း သိရမယ်။တစ်ခါ အဲ့ဒီကနေ ကျွမ်းကျင်လာတော့ အစ အလယ် အဆုံး သုံးချက်လုံးမှာ ဖြစ်တာလဲ သိတယ်။ပျက်တာလဲ သိတယ်။မသိဘူးလား သိမယ်။
အဲ့ဒါ အနိစ္စ ဒုက္ခ အနတ္တ မရှုရသေးဘူး။၀ါယောဓာတ်အပေါ်မှာ ခဏိက သမာဓိထူထောင်တာ အစ အလယ် အဆုံး သုံးချက်လုံးကို သိအောင်လုပ်နေတာပဲ ရှိသေးတယ်။ဒါဟာ မိမိရဲ့ အဇ္စျတ္တ မှာပဓာနပဲ၊ ဗဟိဒ္ဓစိတ်တွေလဲ နောက်ကျရှုရမှာဘဲ။ဘုရားရှင်က အဲ့သလို အဖန်ဖန် ရှုပြီးနေပါတဲ့။ဒီလို ရှုလာလို့ရှိရင်-“အတ္ထိ ကာယော” တိ ၀ါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏ မတ္တာယ ပဋိဿတိမတ္တာယ(ဒီ-မဟာဝဂ္ဂပါဋ္ဌိ၊စာ-၂၃၂)။
ကာယောတိ-ရုပ်ကာယသည်သာလျှင် (၀ါ) ဓာတ်အပေါင်းသည်သာလျှင် ၊အတ္တိ-ရှိ၏။ ဣတိ-ဤသို့၊အဿ-ထို ယောဂီ ပုဂ္ဂိုလ်၏ (၀ါ)ထို ယောဂီ ပုဂ္ဂိုလ်မှာ၊သတိ ၀ါ- သတိတရားသည်လည်း၊ပစ္စုပဋ္ဌိတာ-ရှေ့ရှု့တည်နေသည် ၊ဟောတိ-ဖြစ်၏။
အဲ့သလိုများ သတိထားပြီးတော့ ရှုပါများလို့ အချိုးကျလာလို့ သတိ ဝီရိယ သမာဓိတွေ ဖြစ်လာပြီဆိုရင် “ခဏိကသမာဓိ” ကောင်းလာပြီဆိုရင် ယောဂီရဲ့ သတိတရား ရှုဉာဏ်လေးသည် အမှန်ရှိတဲ့ ၀ါယောဓာတ် အပေါ်မှာ ရှေးရှုပြီး ထင်ထင်ရှားရှား မသိလာဘူးလား၊သိလာရမယ်။
အဲ့ဒီလိုသိအောင် ရှု့ရမယ်။စောစော တုန်းကတော့ ခြေထောက်တွေ ပုဂ္ဂိုလ်တွေ သတ္တဝါတွေ ပညတ်တွေ ကပ်ချင် ကပ်နေ အုံးမယ်။ပညတ်စိတ်တွေ ဖယ်ပြစ်လိုက်၊ဒီလိုသတိထားပြီးရှုရင် ဓာတ်အမူအရာလေးပေါ် စိတ်ကကျလာတယ်။

မိမိရဲ့ ရှု့စိတ်သည်ဘယ်မှာသွားထင်သလဲ ဆိုရင် ဓာတ်သဘောလေးပေါ်မှာပဲ ထင်လာတယ်။အကောင်အထည်မရှိတော့ဘူး။ ပညတ်အာရုံပေါ်မကျတော့ မူလကမ္မဋ္ဌာန်း အားထုတ်တုန်းကလို ခန္ဓာကိုယ်မှာ ပညတ်အာရုံပေါ် မကျတော့ ကာယဖောဋ္ဌဗ္ဗ ဓာတ်အမူအရာ သဘောလေးမှာ နေတာ တွေ့လာပါလိမ့်မယ်။အဲ့ဒီ ဥပမာလိုပဲ သွားတဲ့အခါမှာလဲ ခြေထောက်ဆိုတဲ့ အမှတ်အသားတွေ ၊ ပုဂ္ဂိုလ် သတ္တဝါဆိုတဲ့အမှတ်အသားတွေ လွတ်ပြီးတော့ သတိလေးကောင်းလာပြီဆိုရင် သွားတဲ့ ၀ါယောဓာတ်ရဲ့ အမူအရာလေးပေါ်မှာ တစ်ခါတည်း ရှေးရှုပြီးတော့ မိမိရဲ့ ရှုဉာဏ်လေးဟာ ထင်လာပါလိမ့်မယ်။
သာ-ထို သတိတရားသည်၊ ယာဝဒေဝ-အကြင်မျှလောက်သော ကာလပတ်လုံးသာလျှင်၊ဉာဏမတ္တာယ-အသိဉာဏ်တွေ တိုးပွားစေခြင်းငှာလည်းကောင်း၊ပဋိဿတိမတ္တာယ-အဖန်ဖန် သတိတရားတွေ တိုးပွားစေခြင်းငှာလည်းကောင်း၊ဟောတိ-ဖြစ်၏။
အဲ့သလို သတိတရားတွေ ထင်လာလို့ရှိရင် ထင်လာရုံနဲ့ မပြီးသေးပါဘူးတဲ့။ အဲ့ဒီ ထင်လာတဲ့ “ရှေးရှုပြီးတော့ ထင်ရှားတဲ့ ဓာတ်ပရမတ်တွေပေါ်မှာ” အဖန်ဖန် အသိဉာဏ်တွေ ရဖို့အရေး ၊အဖန်ဖန် သတိတရားတွေ တိုးပွားဖို့အရေးလည်း အားထုတ် ရပါလိမ့်မယ်တဲ့ ။အဲ့ဒီလိုထင်လာတဲ့အခါမှာ ထင်နေရုံနဲ့ မပြီးသေးပါဘူး။ကိလေသာတွေလဲ အကုန်မကွာနိုင်ပါဘူး။ ၀ိပဿနာဉာဏ်တွေလဲ အဆုံးမရောက်သေးပါဘူး။
အဲ့ဒီအတွက်ကြောင့် အသိအမှတ်ပြုလို့များ ထင်ထင်ရှားရှား ကိုယ့်ရဲ့ရှုဉာဏ်ရှေ့မှာ ဓာတ်သဘောတွေပေါ်လာပြီ ဆိုလို့ရှိရင် ၊အဲ့ဒီ ဓာတ်သဘာဝကို မလွတ်ဘဲနဲ့ ယောဂီရဲ့ သတိပဋ္ဌာန် အသိဉာဏ်တွေ တိုးလာဖို့အရေး ၊သတိတရားတွေ တိုးလာဖို့အရေး ထပ်ပြီးတော့ ပွားများရပါလိမ့်မယ်။
အဲ့သလို ပွားများတဲ့အခါမှာ ဘယ်လို ပွားများရမလဲဆိုရင် အနိဿိတော စ ၀ိဟရတိ၊ န စ ကိဥ္စိ လောကေ ဥပဒိယတိ။ဧဝမ္ပိ ခေါ ဘိက္ခေဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ၀ိဟရတိ။(ဒီယမဟာဝဂ္ဂပါဋ္ဌိ၊စာ-၂၃၂)
ဘိက္ခေဝေ-ရဟန်းတို့ ၊ဘိက္ခု-ရဟန်းသည်၊အနိဿိတော-တဏှာဒိဋ္ဌိတို့၏ အစွမ်းဖြင့် တစ်စုံတစ်ခုသော အာရုံကို မမှီသည်၊ဟုတွာစ-ဖြစ်၍လည်း၊ ၀ိဟရတိ-နေ၏။လောကေ-ဥပါဒါနက္ခန္ဓာ ဟူသောလောက၌၊ကိဥ္စိ-ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိဉာဏ်ဟူသော တစ်စုံတစ်ခုသောတရားကို အယံ-ဤရုပ်ဝေဒနာ၊သညာ၊ သင်္ခါရ ၀ိဉာဏ် တရားအပေါင်းသည်။မေ-ငါ၏၊အတ္တာ ၀ါ-ငါဟူ၍ လည်းကောင်း၊ အတ္တနိယံ ၀ါ-ငါဟာဟူ၍လည်းကောင်း-ဤသို့ ၊နဥပါဒိယတိ (နဂဏှာတိ)မယူ။
ဘိက္ခေဝေ-ရဟန်းတို့ ၊ဧဝံမ္ပိခေါ -ဤသို့လည်း၊ ဘိက္ခု-ရဟန်းသည်၊ကာယေ-ရုပ်ကာယ၌ (၀ါ) သွား ရပ် ထိုင် လျောင်း ဣရိယာပုထ် အပေါင်းတို့မှာ ဖြစ်နေတဲ့ ရုပ်ကာယအပေါင်း၌၊ကာယာနုပဿီ အပေါင်းကိုပင် အနိစ္စ ဒုက္ခ စသည်ဖြင့် အဖန်ဖန် ရှုလေ့ရှိသည်၊ ဟုတွာ-ဖြစ်၍၊၀ိဟရတိ-နေ၏။
ထိုကဲ့သို့ ရှုမယ်ဆိုရင် သတိ ပဋ္ဌာနသုတ် အဖွင့်မှာ -၀ိသုဒ္ဓီယာ- ကိလေသာတွေ စင်ကြယ်တဲ့အကျိုးငှာ တစ်ပါးရတယ်။သောကပရီဒေဝါနံ သမတိက္ကမာယ-သောကဆိုတဲ့ စိုးရိမ်မှုတွေ ၊ပရိဒေဝဆိုတဲ့ ငိုကြွေးမှုတွေ လွန်မြောက်မယ်တဲ့ ဘုရားပေးတဲ့နည်းလမ်း စည်းကမ်းတွေကို တိတိကျကျ လိုက်နာမယ်ဆိုရင် ဒီအကျိုးတွေရပါတယ်။
ဒေါမနဿနံ အတ္ထင်္ဂမာယ-ကိုယ်၏ ဆင်းရဲခြင်း ၊စိတ်၏ ဆင်းရဲခြင်းတွေကို ချုပ်ငြိမ်းနိုင်ပါတယ်တဲ့ ၊။အဲ့သလို သတိပဋ္ဌာန်ကို အမှတ်ပြုပြီး ပွားများနေတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်တွေဆင်းရဲမှု၊စိတ်တွေ ဆင်းရဲမှုတွေကော မချုပ်နေဘူးလား။အခု ဃန-အစိုင်အခဲကြီးနဲ့ ထိုင်တဲ့အခါမှာ ၊ရှုတဲ့အခါမှာ ၊ဆင်းရဲ့တဲ့ ဒုက္ခဝေဒနာတွေ ပေါ်သေးတယ်။

သမူဟဃန-အစိုင်အခဲပျောက်ပြီး၊ဖောက်ခွဲပြီးရှုနိုင်တဲ့ ၀ိပဿနာဉာဏ် ဆိုလို့ရှိရင် ဒုက္ခဝေဒနာ အကြီးအကျယ်မပေါ်တော့ဘူး။ဒုက္ခ ဝေဒနာ ဖြစ်ခါမျှရှုနိုင်ရင် မသက်သာ သွားဘူးလား သက်သာသွားတယ်။အရီယာတို့ သိတဲ့ဒုက္ခဆိုတာ သင်္ခါရဒုက္ခ။သင်္ခါရ ဒဏ်ချက် ၊ပြောင်းလွဲ ဖောက်ပြန်တဲ့ သဘောသက်သက်လေးကို ဒုက္ခကောက်တာ၊အခု ကာယိကဒုက္ခ ကိုယ်၏ဆင်ရဲခြင်း ၊စေတိသိကဒုက္ခ စိတ်၏ဆင်းရဲခြင်း ဆိုတာ ၀ိပဿနာဉာဏ်တကယ်မပိုင်ကြသေးလို့ ရုပ်ခဏ၊နာမ်ခဏကို ဖောက်ခွဲပြီးတော့ သဘောတရားရဲ့အတွေ့မှာ လက္ခဏာရေးသုံးတန် နဲ့ ပိုင်နိုင်စွာမရှုနိုင်သေးလို့ ကိုယ်၏ဆင်းရဲခြင်း စိတ်၏ဆင်းရြဲခင်းတွေ ဖြစ်နေကြရတာ၊တကယ်လို့များ သတိပဋ္ဌာန်သာ အမှတ်ပြူပြီးတော့ ၀ိပဿနာ ဘာဝနာ ဆိုက်အောင် သွား ရပ် ထိုင် လျောင်း လေးပါး အပေါင်းတို့မှာ ရှိတဲ့ ဓာတ်ပရမတ်တွေပေါ်မှာ ရှုနိုင်မယ်ဆိုရင် ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ဆင်းရြဲခင်း တွေ မချုပ်ငြိမ်းသွားဘူးလား၊ချုပ်ငြိမ်းသွားတယ်။
အဲ့ဒီ အကျိုးတွေရလို့ ယောဂီတွေ သဘောပေါက်ထားပါ။ခုဏက သွားတဲ့အခိုက်မှာရှိတဲ့ အကျိုးတရားတွေကို ပြလိုက်တာ၊တစ်ခါ ဉာယဿ အဓိဂမာယ-၀ိပဿနာဉာဏ်စဉ်တွေ တက်ပြီးတော့၊မဂ်ဉာဏ် ဖိုလ်ဉာဏ် တိုင်အောင် မရောက်နိုင်ဘူးလား၊ ရောက်နိုင်တယ်တဲ့။ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရစေ ရောက်စေခြင်း အကျိုးငှာလည်းကောင်း ၊နိဗ္ဗာနဿ သစ္ဆိကိရိယာယ-နိဗာန်ကို မျက်မှောက်ပြုစေခြင်းအကျိုးငှာလည်းကောင်း ၊အဲ့ဒီ အကျိုးငါးပါးကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သတိပဋ္ဌာနသုတ် အဖွင့်မှာလည်း ဟောတယ်၊သုတ်ရဲ့ နိဂုံးမှာလဲ ဟောထားပါတယ်။
အဲ့သလို ပွားများတဲ့အခါမှာ- မိမိတို့ရဲ့သန္တာန်မှာ ဖြစ်ခွင့်ထိုက်တဲ့ “အနုဿယ” ကိလေသာတွေကို ငြိမ်းအေးနေတဲ့ အပြင်ကို သောကဆိုတဲ့ တရားတွေ ပရိဒေဝဆိုတဲ့ တရားတွေ ဒုက္ခ ဒေါမနဿဆိုတဲ့ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရြဲခင်း ဆိုတဲ့တရားတွေ ထပ်ဆင့်ပေါ်လာမယ့် ဥပါယာသတရားတွေ မငြိမ်းအေးသွားနိုင်ဘူးလား၊ငြိမ်းအေးသွားတယ်။
အဲ့သလို ကိလေသာတွေနဲ့ ပေါ်လာတဲ့ ဒုက္ခတွေ ငြိမ်းအေးသလိုပဲ အသိတွေကလည်း မတက်လာဘူးလား၊ဉာဏ်တွေကလဲ တက်လာတယ်။ဉာဏ်တွေတက်တာနဲ့အမျှ မဂ်ဉာဏ် ဖိုလ်ဉာဏ် တိုင်အောင်လဲ မပေါက်ရောက်နိုင်ဘူးလား။နောက်ပိတ်ဆုံး မဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင် ပေါက်ရောက်တဲ့အခါ ကျတော့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းနေတဲ့ အသင်္ခတဓာတ် မြတ်လှစွာသော နိဗ္ဗာန်ကို မျက်မှောက်မပြုရပေဘူးလား။မျက်မှောက်ပြုနိုင်တယ်။
အဲ့သလို အကျိုးတွေရတယ်လို့ ယောဂီတွေသိရမယ်။သိသလိုပဲ ဒီနေ့ကစပြီးတော့(၁၀)ရက်စခန်းမှာ သွား ရပ် ထိုင် လျောင်း လေးပါးအပေါင်းတို့မှာ သတိပဋ္ဌာန် အမှတ်ပြုပြီးတော့ သွားကြပါလို့ တိုင်တွန်းပါတယ်။
ဒါက စခန်းစဉ် ရက်အတွင်း လုပ်ရမယ့်အလုပ်တော့ မဟုတ်ဘူး။သို့သော် သင်တန်းလာယူတဲ့အတွက်ကြောင့် သဘောပေါက်အောင်လုပ်ကြပါ။မိမိတို့ အရပ်ဋ္ဌာန ပြန်သွားတဲ့အခါမှာလည်းပဲ မိမိတို့ရဲ့ ကိုယ်ရေးကိစ္စဖြစ်တဲ့ ဒုက္ခကလွတ်ဖို့ သတိပဋ္ဌာန်ကျင့်တဲ့ ပုဂ္ဂိုလ်တွေဟာ သေတပန်သက်တဆုံး (၀ါ) တရားထူးမြတ် တရားမြတ် မရမခြင်း ၊သွားရင်း လာရင်း နေရင်း ထိုင်ရင်း စားရင်း သောက်ရင်း မိမိတို့ အိမ် ဌာနတွေမှာလည်း မလုပ်ရပေဘူးလား၊လုပ်ရမယ်။
အဲ့သလိုကျင့်ကြံပွားများနိုင်တဲ့ပုဂ္ဂိုလ်ဟာမြန်မြန်နိဗ္ဗာန်နဲ့နီးမှာပဲ။မြန်မြန်အပါယ်လေးပါးသုံးဆယ့်တစ်ပုံကစပြီးတော့“ဒုက္ခခန္ဓာ”တွေကလွန်မြောက်နိုင်မှာလွန်မြောက်ကြရမှာပဲ။ြ အဲ့သလိုမှ မပွားဘူးဆိုရင် ကြာလေ နိဗ္ဗာန်နဲ့ ဝေးလေး၊ သံသရာမှာ နစ်လိုက် မြုပ်လိုက် နဲ့ပဲ သံသရာနခမ်း မသတ်ပဲ နစ်ကြရမှာပဲ။အဲ့ဒါကြောင့်မို့ စခန်းရက်စဉ်အတွင်းမှာတွင် မကဘဲနဲ့ မိမိတို့ပြန်သွားတဲ့အခါမှာလည်း ပွားများကြပါလို့ တိုက်တွန်းပါတယ်။အဲဒါ-“ဣရိယာပထပဗ္ဗ…အကြမ်းဖျင်းပြီးပါပြီ”။

နောက်တစ်ခုက-
သမ္ပဇာနပဗ္ဗ အပိုင်းကို ဟောပါ့မယ်
“သမ္ပဇာနပဗ္ဗ” ဆိုတာကတော့ ဣရိယာပထပဗ္ဗကို ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အနုစိတ် ထပ်ဆင့်ညွှန်ကြား ဟောတော်မူပါတယ်။ပုန စပရံ ဘိက္ခေဝေ ဘိက္ခု အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊ အာလောကိတေ ၀ိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊သမိဥ္စီတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊သင်္ဃာဋိပတ္တစီဝရ ဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ-(ဒီယ-မဟာဝဂ္ဂပါဋ္ဌိ၊စာ-၂၃၃)လို့ ဟောထားပါတယ်။
ဘိက္ခေဝေ- ရဟန်းတို့ … ဣဓ- ငါဘုရား၏ အဆုံးအမ သာသနာ၌၊ဘိက္ခု-ရဟန်းသည်၊အဘိဣန္တေ -ရှေ့သို့ တက်တိုင်း တက်တိုင်း၊ပဋိက္ကန္တေ -နောက်သို့ဆုတ်တိုင်း ဆုတ်တိုင်း၊ သမ္ပဇာနကာရီ- ပညာဖြင့်ဆင်ခြင်ရှု့လေ့ရှိသည်၊ဟောတိ -ဖြစ်၏။ဒါက သွားရင်သွားတယ်လို့ “သိ” ဆိုတဲ့စကားဟာ ပြီးတော့ ပြီးတယ်။ဒါပေမယ့် သွားတာကလဲတစ်ကြိမ်ထဲလားဆိုတော့ အကြိမ်ကြိမ်ရှေ့တိုးရလာတဲ့ သွားတယ်ဆိုတဲ့ ရှေ့ကိုတိုးတဲံ အခိုက်အတန့်မှာပဲ အဲ့ဒီအချိန်တိုင်းမှာ ဖြစ်လာတဲ့ နာမ်ကြောင့် ဖြစ်လာတဲ့ ရုပ်အမူအရာတွေပေါ်မှာ သတိဝီရိယထားပြီး ခဏိကသမာဓိဖြစ်အောင် ထူထောင်ပြီးတော့အနုပဿနာဆိုတဲ့ လက္ခဏာရေးသုံးတန် အမြင်ဆိုက်အောင် ဉာဏ်နဲ့ မဆင်ခြင်ရဘူးလား ၊ဆင်ခြင်ရမယ်။
တစ်ခါတစ်လေနောက်ကို ပြန်ဆုတ်တဲ့အခါမှာလဲပဲ၊ဆုတ်တိုင်း ဆုတ်တိုင်း မှာ ဆုတ်ချင်တဲ့နာမ်နဲ့၊ဆုတ်သွားတဲ့ ရုပ်အမူအရာဓာတ်တွေရဲ့အပေါ်မှာ သတိပဋ္ဌာန်နဲ့ အမှတ်ပြုပြီးတော့ သတိပဋ္ဌာန် အနုပဿနာဘာဝနာ လက္ခဏာရေး သုံးတန်ပါ အမြင်ပေါက်အောင် ပညာနဲ့ ဆင်ခြင်ရမှာပါပဲတဲ့။
အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊အာလော ကိတေ-ရှေ့ကိုကြည့်တိုင်း- ကြည့်တိုင်းမှာလည်းပဲ ၊သမ္ပဇာနကာရီ-ပညာဖြင့် ဆင်ခြင်သည်၊ဟောတိ-ဖြစ်၏။
၀ိလောကိတေ- ဘေးတစောင်း ကြည့်တဲ့အခါမှာလည်းပဲ ၊ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိသည်၊ ဟောတိ -ဖြစ်၏တဲ့။ တစါခါတစ်လေ ရှေ့တည့်တည့် ကြည့်တယ်၊ တစ်ခါတစ်လေ ဘယ်ညာ ဘေးတစ်စောင်းကြည့်တယ်။ထိုကဲ့သို့ကြည့်တဲ့အခါမှာလည်းပဲ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက လောကလူတွေ ကြည့်တာကတော့ ငါကကြည့်တယ်၊ဘယ်သူ့ကိုမြင်တယ်၊ပုဂ္ဂိုလ်သတ္တဝါအမှတ်ပျောက်ရဲ့လား ၊ငါ သူတစ်ပါး အမှတ်ပျောက်ရဲ့လား၊ငါက သူ့ကိုမြင်တယ်၊မိန်းမက ယောက်ျားကိုမြင်တယ် အစရှိတဲ့မြင်ပုံမျိုးကို ဒီမှာဖယ်ပြီးတော့ ပုဂ္ဂိုလ်သတ္တဝါအမှတ်နဲ့ မြင်တဲ့အမြင်မျိုး ၊ကြည့်တဲ့ အကြည့်မျိုးကို တရားရှု့လို့ တရားမဖြစ်ပါဘူး။ဒါကြောင့်မို့ ပုဂ္ဂိုလ်သတ္တဝါ အမှတ်နဲ့ကြည့်ရင် ကြည့်တယ်လို့ မှတ်ရမှာ မဟုတ်ဘူး။
အဲ့ဒီ ပုဂ္ဂိုလ်သတ္တဝါ အမှတ်ကို ခွာပြီးတော့ ရှေ့တည့်တည့်ကြည့်ချင်တဲ့စိတ် ပေါ်လာတဲ့အခါမှာ ရှေ့တည့်တည့်ကြည့်တဲ့“ရုပ်” အမူအရာ မဖြစ်လာဘူးလား။ဘေးကို စောင်းကြည့်ချင်တဲ့စိတ်နဲ့ ဘေးကို စောင်းကြည့်တဲ့ (၀ိညတ်ရုပ်)ရုပ် အမူအရာလေးပေါ်လာတယ်။အဲ့ဒါကြောင့် နာမ်အကြောင်းကြောင်း ရုပ်အကျိုးပေါ်လာတဲ့ ရုပ်ရဲ့အမူအရာလေးပေါ်မှာ ၀ါယောဓာတ်ရဲ့ အမူအရာလေးပေါ်မှာ သတိထားပြီးတော့ ၀ါယောဓာတ်ကလေးပေါ်တာပါလားလို့ သိအောင်လုပ်ခိုင်းတာတစ်ခု သဘောပေါက်ရင်တော့ အကုန်သဘောပေါက်တယ်ပေါ့။


ဉာဏ်နည်းတဲ့ ပုဂ္ဂိုလ်များ ဆင်ခြင်တတ်အောင် အနုစိပ် ပြန်ပြောတာ။ဒီလိုဆိုရင် တည့်တည့်ကြည့်တဲ့အခါမှာ ဖြစ်ဖြစ် ဘယ်ညာဘေးတစောင်းကြည့်တဲ့အခါမှာဖြစ်ဖြစ် ၊ပေါ်လာတဲ့ ကာယ ၀ိညတ်ရုပ် (၀ါ) ၀ါယောဓာတ်လေးပေါ်မှာ သတိထားပြီးတော့ သတိပဋ္ဌာန်အမှတ်ပြုမယ်ဆိုရင် “သမာဓိ” မဖြစ်လာဘူးလား၊ဖြစ်လာမယ်။
“ခဏီကသမာဓိ” ဒါလဲပဲ ကြည့်တဲ့အခါမှာဖြစ်ဖြစ် ၊အစ အလယ် အဆုံး ကြည့်ပြီးတော့ တည့်တည့်ကြည့်ပြီး၊ဘေးကို စောင်းချင်လဲ စောင်းမယ်၊ ဘေးတစ်စောင်းကြည့်တဲ့အမူအရာလေးက တစ်မျိုး၊ ရှူချင်တုန်းက ဖြစ်လာတဲ့အမူအရာလေးက တစ်မျိုး၊ရှိုုက်တဲ့အခါမှာ ဖြစ်လာတဲ့ အမူအရာလေးကတစ်မျိုး မတူဘူး၊အဲ့ဒီ ဥပမာအတိုင်းပဲ ရှေ့ကိုကြည့်ချင်တဲ့နာမ်တရားနဲ့ ရှေ့ကိုကြည့်တဲ့ရုပ်အမူအရာက တစ်မျိုး၊ဘေးကိုကြည့်တဲ့စိတ်နဲ့ ဘေးကိုကြ်ည့်တဲံရုပ်အမူအရာက တစ်မျိုးဆိုတော့ ရှေ့နဲ့ နောက်နဲ့ မတူတာလေးတွေ သိလာခြင်းအားဖြင့် မမြဲမှုလေးတွေ မထင်လာနိုင်ဘူးလား။
အဲ့ဒီ ပစ္စုပ္ပန်တည့်တည့်မှာလည်းပဲ ဖြစ်ဆဲမှာလည်းပဲ ရုပ်တွေက ဖောက်ပြန် ပျက်စီးနေတာပါပဲ။နောက်ကျတော့ ၀ိပဿနာဉာဏ်နဲ့ ပစ္စုပ္ပန်အခိုက်မှာ အဲ့ဒီလောက်ထိ မြင်လာပါလိမ့်မယ်။
အဲ့သလို ပုဂ္ဂိုလ် သတ္တဝါအမူအရာတွေ မပါဘဲနဲ့ ရှေ့ကို ကြည့်တဲ့အခါမှာ ၊ဘေး ဘယ် ညာ ကြည့်တဲ့အခါမှာ ပညာလေးနဲ့ ၊ ဉာဏ်လေးနဲ့ဆင်ခြင်မှုပြုပြီးတော့ ကြည့်ကြပါ- ချစ်သားတို့တဲ့။ဆရာက အဲ့ဒါက ိုပြန်ဟောပါ့မယ ်။ ယောဂီတို့ ကြည့် တဲ့အခါမှာ ရှေ့ကိုဖြစ်စေ၊ ဘေးကိုဖြစ်စေ ကြည့်တဲ့အခါ ကိလေသာမပါပဲနဲ့ ပညာနဲ့ ဆင်ခြင်ပြီးတော့ ကြည့်ကြပါလို့သင်ပေးလိုက်ပါတယ်။
သမိဥ္စိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊ သမိဥ္စိတေ - ကွေးတဲ့အခါမှာ ၊ပသာရိတေ-ဆန့်တဲ့အခါမှာ၊ ဆန့်ထားတဲ့ လက်ကို ကွေးတယ်၊ကွေးထားတဲ့လက်ကို ဆန့်တယ်၊ ဆန့်ထားတဲ့ခြေထောက်ကို ကွေးတယ်၊ကွေးထားတဲ့ ခြေထောက်ကို ဆန့်တယ်၊ဒီလိုမရှိဘူးလား။
လကတွေပဲဆန့်ဆန့် ၊ခြေထောက်တွေပဲ ဆန့်ဆန့်၊လက်တွေပဲကွေးကွေး ခြေထောက်တွေပဲကွေးကွေး လောကအနေနဲ့ ကတော့ နားလည်အောင် ပြောလိုက်တာ။လက်တွေဆန့်တယ် ကွေးတယ် ၊ခြေထောက်တွေ ဆန့်တယ်ကွေးတယ် ။ပရမတ္ထသဘောနဲ့ ပြောတော့ ခြေ လက် ဦးခေါင်း မရှိဘူး။ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး။အဲ့ဒါတွေကို ဖယ်ပြီးတော့ ကွေးချင်တဲ့စိတ်တွေ ဖြစ်လာတဲ့အခါ ၀ါယောဓာတ် အမူအရာလေးတွေ ပြောင်းလဲနေတဲ့ သဘော ၊ဆန့်ချင်တဲ့စိတ်ကြောင့် ပေးလာတဲ့ ဆန့်လိုက်တဲ့ ၀ါယောဓာတ်အမူအရာလေး ပြောင်းလဲနေတဲ့သဘော ၊ခြေထောက်နဲ့ပဲ ဆန့်ဆန့် ကွေးကွေး ၊လက်နဲ့ပဲ ဆန့်ဆန့် ကွေးကွေး အဲ့သလို ခန္ဓာကိုယ်အနေတွေ ကွေးတိုင်း ဆန့်တိုင်းမှာ ဖြစ်ပေါ်လာတဲ့ နာမ်တရားနဲ့ ဖြစ်ပေါ်လာတဲ့အကျိုးတရားဖြစ်တဲ့ ဓာတ်တွေရဲ့အမူအရာလေးပေါ်မှာ သတိပဋ္ဌာန် အမှတ်ပြုပြီးတော့ ရှုနေရင် သမာဓိ ဖြစ်လာမယ်။သမာဓိဖြစ်လာရင် အဲ့ဒီအပေါ်က အနုပဿနာ ဘာဝနာ ဆိုက်အောင် လက္ခဏာရေးသုံးတန် အမြင်ပေါက်အောင် အနိစ္စ ဒုက္ခ အနတ္တ အဖန်ဖန် ရှုပြီဆိုလိုရှိရင် သတိပဋ္ဌာန် အကျိုးတရားမှာ ရတဲ့ ကိလေသာတွေ ငြိမ်းအေးတဲ့ အကျိုးတွေ ၊သောကပရိဒေဝ လွန်မြောက်မယ့် အကျိုးတွေ ၊ကိုယ်၏ ဆင်းရဲခြင်း ၊စိတ်၏ဆင်းရဲခြင်း ချုပ်ငြိမ်းတဲ့ အကျိုးတွေနဲ့တကွ မဂ်ဉာဏ် ဖိုလ်ဉာဏ်တိုင်အောင် ကြိုးစားလို့ရမယ်ပေါ့။တကယ်လို့များ ယခုဘဝမှာ ဆုံးခန်းတိုင်အောင် မပေါက်သည့်တိုင် ၊ထိုကဲ့သို့ ပွားများသည် အကျိုးသည် အလွန်ကြီးကျယ် မြင့်မြတ်တဲ့ မဟာ “ပညာကုသိုလ်စိတ်” ရပြီးတော့ ၊နောင်တစ်ချိန် မဂ်ဉာဏ် ဖိုလ်ဉာဏ်အတွက် “ပါရမီ” ရသွားနိုင်တယ်။

အဲ့သလို ပွားများပြီး သေမယ်ဆိုရင် အပါယ်ကလွတ်နိုင်တယ်။ ထိုကဲ့သို့ အကျိုးတွေရတယ်ဆိုတာ သဘောပေါက်ထားပါ။တစ်ခါ သင်္ဃာဋိပတ္တ စီဝရဓာရဏေပမ္ပဇာနကာရီ ဟောတိတဲ့။အဲ့ဒါကျတော့ ရဟန်းတွေကို အဓိကထားပြီး ဘုရားကပြတဲ့ “ပုဒ်” ပေါ့လေ။သင်္ဃာဋိဆိုတာ - ဒုကုဋ်သင်္ကန်းကြီးကိုခေါ်တာ။အပေါ်က ကိုယ်ရုံသင်္ကန်းကြီး၊ပတ္တ- သပိတ်၊ စီဝရ -သင်းပိုင် ဧကေသီ သင်္ဃာဋိ ပတ္တစီဝရဓာရဏေ - သင်္ကန်းကြီးတွေရုံတဲ့အခါမှာ သပိတ်တွေ ကိုင်တွယ်အသုံးပြုတဲ့အခါမှာ ဧကသီ သင်းပိုင််တွေ ဝတ်ရုံတဲ့အခါမှာလည်းပဲ သမ္ပဇာနကာရီ - ပညာဖြင့် ကြည့်ရှု့ဆင်ခြင်မှုပြုလေ့ရှိသည်၊ ဟောတိ- ဖြစ်၏တဲ့။
ရဟန်းတွေကျတော့ …ချစ်သား ရဟန်းတို့ ကိုယ့်ရဲ့ သင်္ကန်းတွေ ဝတ်ရုံတဲ့အခါမှာပဲဖြစ်ဖြစ် ၊သပိတ်တွေ ကိုင်ဆောင်တဲ့နေရာမှာဖြစ်ဖြစ် ၊ပညာဖြင့် (ဉာဏ်ဖြင့်)ဆင်ခြင်၍ လုပ်ကြပါတဲ့ ၊ဘာကြောင့်တုန်း။
အဲ့သလို မဆင်ခြင်ဘဲ သတိအမှတ် လွတ်ပြီးတော့ သုံးဆောင်မယ်ဆိုရင် ကိလေသာဆိုတာက ပေါ်ခွင့်ဟာ အမြဲတမ်းဖြစ်နေတယ်။ဒီလိုမှ သတိပဋ္ဌာန် ၀ိပဿနာ ဉာဏ်နဲ့ မရှုဘူးဆိုလို့ရှိရင် ကိလေသာ တွေဟာ ဖြစ်ခွင့်ထိုက်ပြီး ဖြစ်ပေါ်နေမှာပါပဲ၊တားဆီးနိုင်မှာ မဟုတ်ဘူး။သီလ သမာဓိ ပညာသာမရှိရင် ဖြစ်နေကြတာပဲ။
နောက်ပိတ်ဆုံး ကုသိုလ်ခေါ်တဲ့ ပုညာဘိသင်္ခါရဖြစ်တာ တောင်မှ ရှေ့က အဝိဇ္ဇာ မကင်းဘူး၊ပုထုဇဉ်တို့ရဲ့ (၀ါ) ကိလေသာ မကင်းသေးတဲ့ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ ပြုလေ့ပြုထရှိတဲ့ ကာယကဲ ဝစီကံ မနောကံ တရားတို့သည် ကိလေသာကင်းပြီး ပြုတဲ့ထုံးစံမရှိပါဘူးတဲ့။အဲ့ဒါကြောင့် တကယ်လို့များ သတိအမှတ်တွေ လွတ်ပြီးတော့၊ ပညာဆင်ခြင်မှုတွေ လွတ်ပြီးတော့များ သုံးဆောင်မယ်ဆိုရင် ဒီအပေါ်မှာ အဘိဇ္စျာဆိုတဲ့ လိုချင်မှုတွေ ပေါ်ချင်ပေါ်မယ်။
အဲ့သလိုပဲ လောဘဆိုတဲ့တရားတွေ ၊ဒိဋ္ဌိဆိုတဲ့တရားတွေ ၊ဒေါသဆိုတဲ့ တရားတွေ ပေါ်လာပြီဆိုရင် ၊ကိလေသာတွေနဲ့ နေတာ ထိုင်တယ် ဆိုလို့ရှိရင် ၊ဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ကိလေသာတွေနဲ့ ဖြစ်နေတဲ့ အတွက်ကြောင့် အဲဒီ့စိတ်နဲ့သေမယ်ဆိုရင် ဒုက္ခရောက်မယ်။အဲ့ဒီ အတွက်ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သနားတော်မူ၍ သပိတ်သင်္ကန်း သုံးဆောင်တဲ့အခါမှာ သတိပဋ္ဌာန် အမှတ်ပြုပြီးတော့ အသိဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ နေပါတဲ့။
အဲ့ဒီ ဥပမာအတိုင်းပါပဲ။ယောဂီတွေလည်းပဲ အင်္ကျီတွေ ဝတ်တယ်၊ထမီ ပုဆိုးတွေ ဝတ်တယ်။ကိုယ့်အသုံးအဆောင်လေးတွေ သုံးတယ်၊ အဲ့ဒီလိုသုံးတဲ့အခါမှာလည်းပဲ ပညာလေးနဲ့ ဆင်ခြင်ပြီးတော့ သုံးရမယ်။ပညာနဲ့ ဘယ်လိုဆင်ခြင်ရမလဲ ဆိုရင် တရားပါးဝအောင် အတိုချုပ် သင်ပေးလိုက်မယ်။ဘုရားရှင်ရဲ့ ဆိုလိုရင်းသဘောမိအောင်….
ဣဓ - ဤလောက၌ ၊ရူပဥ္စ - ရုပ်တရားသည်လည်းကောင်း၊ နာမဥ္စ - နာမ်တရားသည်လည်းကောင်း။ ဒွေယေဝ - နှစ်ပါးသည်သာလျှင် အတ္ထိယ သန္တိ -ရှိကုန်၏။အညော-ရုပ်နာမ်မှတစ်ပါး ၊နတ္ထိ -မရှိ်ဆိုတဲ့ ဒေသနာကို ထောက်ပြီးတော့ ဆိုလိုတာကတော့ ဘယ်လိုပဲနေနေ ဘယ်လိုပဲ လုပ်လုပ် ရုပ်နာမ်တရား နှစ်ပါးကလွဲလို့ မရှိပါဘူးတဲ့ ၊ဒီလို သိရမယ်။ရုပ်ကြောင့် နာမ်ဖြစ်တယ် ၊နာမ်ကြောင့် ရုပ်ဖြစ်တယ်။ အခု သွားတယ် လာတယ်ဆိုတာ နာမ်ကြောင့် ရုပ်ဖြစ်နေတာ ၊ရုပ်ကြောင့် နာမ်ဖြစ်နေတာက အာရုံ ဒွါရ တိုက်တယ်။
အာရုံဆိုတဲ့ အဆင်းနဲ့၊စက္ခုဆိုတဲ့ ပသာဒရုပ်နဲ့တိုက်တော့ နာမ်တွေ ပေါ်တယ်၊ အဲ့ဒါရုပ်ကြောင့် နာမ်ဖြစ်တဲ့ သဘောတရားပဲ။ဝတ်တယ် သွားတယ် လာတယ်ဆိုတဲ့ စိတ်ဆိုတဲ့ နာမ်အကြောင်း ပြုပြီးတော့ ရုပ်တွေဖြစ်တာပဲ ၊ရုပ်အမူအရာတွေ ဖြစ်နေတာပါပဲ။
အဲ့သည်တော့ ပြန်ပြီး ပြောမယ်ဆိုရင် ရုပ်ကြောင့် နာမ်ဖြစ်၊ နာမ်ကြောင့် ရုပ်ဖြစ်၊ရုပ် နာမ်တရား နှစ်ပါးကလွဲလို့ ရှိကြရဲ့လား ၊မရှိပါဘူး။ပရမတ္ထ သဘာဝနဲ့ပြောမယ်ဆိုရင် ရုပ်နာမ် တရားနှစ်ပါးကလွဲလို့ ရှိပါ့မလား။ လောကသမုတိကိုတော့ ခဏထားတော့။ဒါ နောက်ပိုင်းတော့ ရှင်းပြပါ့မယ်။လောကသမုတိနဲ့တော့ ခေါ်တာခေါ်ရမယ် ။သုံးရမယ်။

သို့သော် တရားအာရုံနဲ့ပြောမယ်ဆိုရင် … ပရမတ္ထတရား နှစ်ပါးကလွဲလို့ မရှိဘူးဆိုတော့ ၊ဘယ်လိုနေနေ ပရမတ္ထ သဘာဝအမှန် ထင်ရှားရှိတဲ့ ရုပ်သဘာဝ၊နာမ်သဘာဝကို ပညာနဲ့ ဆင်ခြင်ပြီး မလွတ်တန်းနေဖို့ သတိပေးတာပါပဲ။
ဒီလိုဆိုရင် ယောဂီတွေလဲပဲ မိမိတို့ရဲ့ အဝတ်အစားတွေ ဝတ်တဲ့အခါမှာ၊ အသုံးအဆောင်တွေ သုံးတဲ့အခါမှာ ပညာနဲ့ဆင်ခြင်ပြီးရှုကြပါ။ ဒီရက်အတွင်းမှာပဲလား၊ပြန်သွားတဲ့အခိုက်မှာလည်းပဲ ဒါတွေဟာ မရှုတော့ဘူးလား၊ ရှုရမှာပဲနော်။ နေတတ်ဖို့ သေတတ်ဖို့ သင်ပေးတာ။ အဲ့ဒါကြောင့် နေတဲ့အခါမှာလည်းပဲ ရှုရမှာပဲ၊ သေတဲ့အခါမှာလည်းပဲရှုရမှာပဲ၊ ဘယ်လောက်ထိရှုရမှာလဲဆိုရင် “ရဟန္တာ” မဖြစ်မချင်း ရှုရမှာ။
ကိစ္စပြီးတယ်ဆိုတာ“ရဟန္တာ” ဖြစ်မှ ပြီးတာ-
အဲ့ဒီအထိ ရှုရမယ်။အနည်းလေးတော့ နားချင်ရင် သောတာပတ္တိမဂ်လေး ရပြီးတော့ နားချင် နားကြအုန်း။ အဲ့ဒီလောက်မှ မရရင် အပါယ်ဘေးမလွတ် သေးဘူး၊ စိတ်မချရသေးဘူး။
တစ်ခါ အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ။ အသိတေ -စားရာ၌လည်းကောင်း ၊ပိတေ -သောက်ရာ၌လည်းကောင်း၊ခါယိတေ -ခဲရာ၌လည်းကောင်း ၊သာယိတေ -လျက်ရာ၌လည်းကောင်း ၊သမ္ပဇာနကာရီ- ပညာဖြင့်ဆင်ခြင်သည် ၊ဟောတိ -ဖြစ်၏။ စားတဲ့အခါမှာလည်း ပညာဖြင့်ဆင်ခြင်၍ -ပြု ၊ သောက်တဲ့အခါမှာလည်း ပညာဖြင့်ဆင်ခြင်၍ -သောက် ၊၀ါးတဲ့အခါမှာလည်း ပညာဖြင့်ဆင်ခြင်၍ -ခဲဝါး ၊လျက်တဲ့ အခါမှာလည်း ပညာဖြင့်ဆင်ခြင်၍ -လျက်တဲ့။
အဲ့သလို ပညာနဲ့ ဆင်ခြင်ပြီးတော့ ခဲပါ သောက်ပါ ၀ါးပါ လျက်ပါ … လို့ ဘုရားရှင်က ဟောတယ်။သည်လိုဆိုရင် ယောဂီတွေ လည်းပဲ ဆွမ်းစားတဲ့အခါမှာလည်းပဲ ပညာနဲ့ ဆင်ခြင်ပြီးတော့ စားရပါလိမ့်မယ်။ ရေတွေ လက်ဖက်ရည်တွေ သောက်တဲ့အခါမှာလည်းပဲ ပညာနဲ့ ဆင်ခြင်ပြီးတော့ သောက်ရပါလိမ့်မယ်၊ သစ်သီးတွေ ၀ါးစားတဲ့အခါမှာ ခဲတဲ့အခါမှာလည်းပဲ ပညာနဲ့ ဆင်ခြင်ရမှာပါပဲ။တစ်ခါ တစ်လေ လျက်စားတို့ ဆေးတို့ လျက်တဲ့အခါမှာလည်းပဲ ပညာနဲ့ ဆင်ခြင်ပြီးတော့ လျက်ရမှာပဲ။
ထိုကဲ့သို့ ဆင်ခြင်တဲ့နေရာမှာလည်းပဲ ပထမတုန်းက ပြောသလိုပေါ့ သဘောတစ်ခုမိရင် အကုန်မိတယ်။စားချင်တယ် ဆိုတာက နာမ်တရား၊ စားချင်လို့ပေါ်လာတဲ့ အမူအရာလေးတွေက စားတယ်၊စားတဲ့အခါမှာ ယူတယ်၊ ကိုင်တယ် ၊၀ါးတယ် ဆိုတာတွေက ရုပ်တရားတွေ။ဥပမာ - စားချင်လို့ ပန်းကန်ထဲမှာ ရှိတဲ့ ဆွမ်းကလေးဟာ အမြင်အားဖြင့် ဆွမ်း ပရမတ္တနဲ့ ပြောမယ်ဆိုရင် အဆင်းတရား လှမ်းမြင် လိုက်တာပဲ။ အဲ့ဒီ အဆင်းတရားလေး လှမ်းနှိုက်လိုက်တဲ့အခါမှာစိတ္တဇဝါယော ဓာတ်တွေ ပျ့ံလွင့်သွားတယ်၊ ပျံ့သွားတော့ အမူအရာရုပ်တွေ ပြောင်းသွား ပြီး ပရမတ္တ သဘာဝဖြစ်တဲ့ ဖောဋ္ဌဗ္ဗဓာတ်ကို သွားထိတယ်။ အရပ်ပြောက တော့ ပန်းကန်တို့ ဆွမ်းတို့ကို ထိတယ်ပေါ့၊ သွားထိတော့ ပူတယ်ဆိုတဲ့ တေဇာဓာတ်ကလေး ထိမှုသဘောလေး သွားမကိုင်မိဘူးလား၊ ကိုင်မိတယ်။
အရပ်ပြောကတော့ ထမင်းကိုကိုင်မိတယ်၊ ဆွမ်းကိုကိုင်မိတယ်၊ တရား သဘောနဲ့ကြည့်မယ်ဆိုရင် ဓာတ်သဘောလေးသွားကိုင်မိတယ်ပေါ့။ တစ်ခါတစ်လေ အေးတဲ့သဘော အတွေ့အထိလေး၊ တစ်ခါတစ်လေ ကြမ်းတမ်းတဲ့သဘော အတွေ့အထိလေး၊ တစ်ခါတစ်လေ နူးည့ံတဲ့ သဘော အတွေ့အထိလေး။ ပူတာအေးတာကို တွေ့ထိတော့ တေဇာ ဓာတ်ကို တွေ့ထိတယ်ပေါ့။ မာတာ နုတာ ကြမ်းတာ တွေ့ထိတော့ ပထဝီဓာတ်ကို တွေ့ထိတယ်ပေါ့၊ အဲ့ဒီလို တွေ့ထိတဲ့ ဓာတ်လေးရဲ့ သဘာဝမှာသော်လည်းကောင်း လှမ်းယူတဲ့အခါဖြစ်တဲ့ အမူအရာမှာ သော်လည်းကောင်း၊ ၀ါးနေတဲ့ အမူအရာ ပေါ်မှာ လည်းကောင်း၊ ရသာဓာတ် အမူအရာမှာသော်လည်းကောင်း၊ ကိုယ်မှီရာ တစ်ခုခုမှာ ဆင်ခြင်မယ်ဆိုရင် ကိလေသာ မပါဘဲနဲ့၊ ပုဂ္ဂိုလ်သတ္တဝါ အမှတ် သဘောမပါဘဲနဲ့ ဆင်ခြင်မယ်ဆိုရင် တရားသဘော ဖြစ်မနေဘူးလား။

အဲ့သလို စားတဲ့အခါမှာလည်း ကိုယ်ဉာဏ်မှီသလောက် စားချင် တယ်ဆိုတဲ့ နာမ်တရားကြောင့်၊ အမူအရာရုပ်တွေ ပြောင်းလဲပြီးတော့ ဆွမ််းကို နှိုက်တယ်၊ ၀ါးတယ်၊ မျိုတယ်။ အဲ့ဒီအပေါ်မှာ ပေါ်လာတဲ့ ဓာတ်သဘာဝလေးကို သတိပဋ္ဌာန် အမှတ်ပြုပြီးတော့၊ သတိပဋ္ဌာန်အနုပဿနာ ဘာဝနာဆိုက်အောင် အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ ပေါက်အောင် အားထုတ်မယ်ဆိုရင် အသိတွေ အဖန်ဖန် တိုးပွားလာမယ်၊ သတိတရားတွေ တိုးပွားလာမယ်။ ပုဂ္ဂိုလ် သတ္တဝါဆိုတဲ့ အမှတ် ဒိဋ္ဌိတွေ၊ ငါ့ဥစ္စာဆိုတဲ့ တဏှာတွေ မပါဘဲနဲ့များ ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိဉာဏ်ဆိုတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားရဲ့ အပေါ်မှာ အနည်းငယ် ကိလေသာအစွဲ မဖြစ်ဘဲနဲ့၊ ကာယရဲ့အပေါ်မှာ ပွားများမယ်ဆိုရင် ကိလေသာတွေ ပြတ်သွားနိုင်တယ်။ သောကပရိဒေဝတွေ ငြိမ်းသွားနိုင်တယ်။ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းတွေ ချုပ်သွားနိုင်တယ်။ အသိဉာဏ်တွေ ရင့်ကျက်လာမယ် ဆိုရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တိုင်အောင် ရောက်နိုင်တယ်လို့ သဘောပေါက် ပြီးတော့ မိမိတို့တတ်စွမ်းသမျှ စားတဲ့အခါမှာလည်း ပွားများကြရလိမ့်မယ်။
ရေသောက်တဲ့အခါမှာလည်း ထိုနည်းလည်းကောင်းပဲ၊ သောက်ချင်တဲ့ စိတ်က နာမ်တရား၊ ကိုင်လိုက်တဲ့ အမူအရာလေးက ရုပ်တရား၊ ထိလိုက်တာနဲ့ အေးသွားတယ်။ အရပ်ကပြောတော့ ရေအေးတယ်၊ ခွက်ကလေးက အေးတယ်၊ ဒီလိုမဟုတ်ဘူး။ ဓာတ်သဘောလေး၊ တေဇာဓာတ်လေး၊ သီတတေဇော ဓာတ်လက္ခဏာလေးကို သွားပြီးတွေ့တာ၊ အဲ့ဒီအေးတဲ့ အမူအရာလေးသွားပြီး အာရုံပြုမယ်ဆိုရင် ရတယ်။ သွားယူတဲ့အခါကြတော့ လက်လှုပ်လိုက်တဲ့အခါ ပေါ်လာတဲ့ ၀ါယောဓာတ်အပေါ်မှာ အာရုံပြုမယ်၊ အဲ့ဒီအပေါ်မှာ သတိရှိမယ်ဆိုရင် “ရှု”လို့ ရနိုင်တယ်။
သောက်တဲ့အခါမှာ- လှုပ်ရှားလိုက်တဲ့ ရုပ်အမူအရာသော်လည်းကောင်း၊ တွေ့ထိလိုက်ရတဲ့ ဓာတ်ပေါ်မှာသော်လည်းကောင်း၊ သောက်လိုက်တဲ့အခါမှာ လျှာပေါ်မှာ တွေ့ထိရတဲ့ရသာဓာတ်ကိုသော်လည်းကောင်း၊ ထင်ရှားရာ ကိုယ်မှီရာ တစ်ခုခုကို သတိပဋ္ဌာန်အမှတ်ပြုမယ်။ အသိဉာဏ်လေးနဲ့ ယှဉ်ပြီး သောက်မယ် အဲ့ဒီအပေါ်မှာ ရှုမယ်ဆိုရင် ကိလေသာတွေ ပေါ်မလာနိုင်ပါဘူး။ တစ်ခါသစ်သီးတွေ ခဲတယ် လျက်ဆားတွေ လျက်တယ်၊ အဲ့ဒီအခါမှာလည်း လျက်ဆားတွေ လျက်တယ် အဲ့ဒီသလိုပဲပေါ့။ ပုဂ္ဂိုလ်သတ္တဝါ အမှတ်ပျောက် ပြီးတော့ ရှုပွားမယ်ဆိုရင် ရနိုင်ပါတယ်။ နောက်ပိတ်ဆုံး ဘုရားရှင်က ဘယ်လောက်ထိ ဆင်ခြင်ခိုင်းသလဲဆိုရင်….ဥစ္စာရပဿာဝကမ္မေသမ္ပဇာနကာရီဟောတိ-ကျင်ကြီးကျင်ငယ် အမှုပြုတဲ့ အခါမှာ လည်း သမ္ပဇာနကာရီ- ပညာဖြင့် ဆင်ခြင်ပြုလေ့ရှိသည်၊ ဟောတိ- ဖြစ်၏၊ နောက်ပိတ်ဆုံး ကျင်ကြီး ကျင်ငယ် စွန့်တဲ့အခါမှာပင်လျှင် ပရမနတ္တသဘာဝကို မြင်အောင် နှလုံးသွင်းပြီးတော့ ရှုကြပါတဲ့။
ထိုကဲ့သို့ မပြုဘူးဆိုရင် သတ္တဝါတို့ရဲ့ သန္တာန်မှာ ဖြစ်ခွင့်ရှိတဲ့ ကိလေသာ ပေါ်လာနိုင်တယ်။ ယင်းကို တားဆီးသောအားဖြင့် ကျင်ကြီးကျင်ငယ်စွန့်တာ ကလည်း စွန့်ချင်တဲ့စိတ်က နာမ်တရား၊ စွန့်တဲ့သဘောလေးက ရုပ်တရား၊ ဒီမှာ အာပေါဓာတ်တွေ လွန်တယ်၊ ယိုအာပေါလွန်တယ်ပေါ့။ အာပေါနှစ်ခုမှာ ပဂ္ဃရဏ အာပေါနှင့်၊ အာဗန္ဓနအာပေါလို့ နှစ်မျိုးရှိတယ်။ ပဂ္ဃရဏ- အာပေါအယိုလွန်တော့ ကျင်ငယ်တွေ စွန့်တယ်၊ ကျင်ကြီးတွေ သွားတယ်။ အဲ့ဒါ အာပေါလွန်တာပဲ ကျန်တဲ့ ဓာတ်တွေရော မပါနိုင်ဘူးလား။ ၀ါယောဓာတ်လဲပါတာပဲ၊ တေဇာဓာတ်လဲပါမှာပဲ၊ ကျင်ကြီးကျင်ငယ်စွန့်တဲ့အခါမှာ စွန့်ချင်တဲ့ နာမ်တရားကို အကြောင်းပြုပြီးတော့ ပေါ်လာတဲ့ ဓာတ်ရုပ်တွေအပေါ်မှာ သတိပဋ္ဌာန်အမှတ်ပြုပြီးတော့ သမာဓိပေါ် ကနေ လက္ခဏာဉာဏ် သုံးတန်ရအောင် ၀ိပဿနာဆိုက်အောင် ရှုမယ်ဆိုရင် အဲ့ဒီအပေါ်မှာ ကိလေသာတွေ မပါတော့ဘူး “ဘုရားရှင်ရဲ့ ကျေးဇူးကြီးမားပုံတွေနော်”။
ဘုရားရှင်က ဘယ်လိုနေရာမှာ ဖြစ်ဖြစ်၊ အကုသိုလ်တွေ မဖြစ်အောင် သင်ပေးတာ။ဒီလိုဆိုရင် ဂတေ - သွားစဉ် ၊ဌိတေ -ရပ်စဉ် ၊နိသိန္နေ -ထိုင်စဉ် ၊ ဇာဂရိတေ -နိုးနေစဉ် သုတ္တေ -အိပ်နေစဉ် ၊ဘာသိတေ- စကားပြောနေစဉ် ၊တုဏှိဘာဝေ - ဆိတ်ဆိတ်နေစဉ်တို့တွင် ၊သမ္ပဇာန ကာရီ-ပညာဖြင့် ဆင်ခြင်၍ ပြုလေ့ရှိသည်၊ ဟောတိ-ဖြစ်၏တဲ့။စကားချုပ် ပြောလိုက်တာ။

*ချစ်သားတို့ သွားတဲ့အခါမှာ ဖြစ်စေ၊ ရပ်တဲ့အခါမှာဖြစ်စေ ထိုင်သည့်အခါတွင် ဖြစ်စေ ၊ အိပ်သည့်အခါတွင် ဖြစ်စေ၊ နိုးသည့်အခါတွင်ဖြစ်စေ ၊စကားပြောသည့်အခါတွင် ဖြစ်စေ ၊ ဆိတ်ဆိတ် နေသည့်အခါတွင် ဖြစ်စေ မည်သို့နေနေ … ချစ်သားတို့ ပညာဖြင့် (၀ါ) ဉာဏ်ဖြင့် ဆင်ခြင်၍ ကိလေသာမဖြစ်အောင် နေကြပါတဲ့။ အဓိက ဘယ်မှာလဲ ဆိုရင် ထိုသဘောတရားတွေကို ၊ဣတိ - ဤကဲ့သို့ ၊ အဇ္စျတ္တံ - မိမိရဲ့ အဇ္စျတ္တ သန္တာန်ဖြစ်သော ၊ကာယသ္မိ ံ ၀ါ - ရုပ်ကာယအပေါင်း၌လည်း ၊အနုပဿီ - အဖန်ဖန်ရှုလေ့ရှိသည်၊ ဟုတွာ -ဖြစ်၍ ၊၀ိဟရတိ -နေ၏။ဗဟိဒါ္ဓ - အပြင်သဏ္ဍာန်၌ ဖြစ်သော ၊ ကာယသ္မိ ံ ၀ါ -ရုပ်ကာယအပေါင်း၌လည်း ၊အနုပဿီ - အဖန်ဖန်ရှုလေ့ရှိသည်၊ဟုတွာ -ဖြစ်၍ ၊၀ိဟရတိ -နေ၏။
အဓိကက … အဇ္စျတ္တကိုအရင်ရှုပါ။ အဇ္စျတ္တက အနီးကပ်ဆုံးပဲ။ အဇ္စျတ္တကိုရှုလို့ အဇ္စျတ္တမှာ သဘောပေါက်လို့ ကိလေသာတွေ ကွာပြီဆိုရင်၊ဗဟိဒ္ဓိ -အပမှာလည်း ကိလေသာ ကွာနိုင်ပါတယ်။မိမိခန္ဓာကိုယ်မှ မမြဲဘူးလို့မြင်ရင် သူတစ်ပါးခန္ဓာကိုယ်မှာလဲ မြဲပါတော့မလား၊ မိမိခန္ဓာကိုယ်ကို မနှစ်သက်တော့ဘူး ဆိုရင် သူတစ်ပါးရဲ့ သဏ္ဍာန်ကိုလဲ နှစ်သက်ပါတော့မလား ။ မိမိခန္ဓာသည် အနတ္တလို့ သဘောပေါက်ရင် သူတစ်ပါး ခန္ဓာကိုယ်လည်း အနတ္တလို့ သဘောမပေါက်နိုင်ဘူးလား။ဒါကြောင့်မို့ အဇ္စျတ္တကို အဓိကထားပါတဲ့။ အဇ္စျတ္တပြီးတော့ ဗဟိဒ္ဓိကို ရှုမယ်ဆိုရင်လည်း ထိုနည်းလည်ေးကာင်းပဲ ၊ ဗဟိဒ္ဓ တရားတွေအပေါ်မှာပဲ ရှုရလိမ့်မယ်တဲ့ ၊ရှုတဲ့နေရာမှာလည်းပဲ နံပါတ်(၁)အနေနဲ့ သတိပဋ္ဌာန်သာရှုရမယ်နော်။ပေါ်တိုင်း ပေါ်တိုင်း သတိထားပြီး ပေါ်တာကိုသိအောင်လုပ် ။ပေါ်တဲ့အမူအရာလေး အစ အလယ် အဆုံး သိအောင်လုပ်။ထိုကဲ့သို့ သတိပဋ္ဌာန်တွေ သမာဓိတရားတွေ ပြည့်တော့မှသာလျှင် နောက်ပိုင်းက ၀ိပဿနာ အနုပဿနာဆိုတဲ့ အကြောင်းအကျိုး ပေါ်က နာမ်ရုပ်တွေ ကို အနိစ္စ ဒုက္ခ အနတ္တ အားဖြင့် အဖန်ဖန် ရှုရမှာနော်။
နံပါတ်(၁)က .. သတိပဋ္ဌာန်အမှတ်ပြုပြီး - သမာဓိသာထူထောင်ပေးပါ။သမာဓိကောင်းလာရင် သမာဓိက ထွန်းပြလာတဲ့သတိကလေး ရှေးရှုပြီး ထင်လာတဲ့ ရုပ်ပရမတ် ၊နာမ်ပရမတ် ပေါ်မှာ ကို အနိစ္စ ဒုက္ခ အနတ္တ ရှုဖို့ရန် မခဲယဉ်းတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ထိုပရမတ်တရားတွေဟာ တကယ်လို့များ မြင်ပြီဆိုရင် အနိစ္စ ၊ဒုက္ခ ၊အနတ္တ မြင်လာတာပဲ။သူရဲ့ သဘာဝက အကြောင်းရှိလို့ပေါ်တာ ၊ပေါ်ပြီး ပျောက်သွားတာ။ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာဟာ ထူးပြီး ရှာစရာမလိုတော့ဘူး၊ပရမတ္တ သဘာဝတွေကို မသိသေးလို့သာလျှင် ကို အနိစ္စ ဒုက္ခ အနတ္တ က ရှုလို့မရတာ။သတိပဋ္ဌာန် အမှတ်ကောင်းလာလို့ ပရမတ်တွေပေါ်မှာ အခိုက်တိုင်း အခိုက်တိုင်း ခဏီက သမာဓိရလာရင် အနိစ္စ ဒုက္ခ အနတ္တ ဟာ မထင်ရှားလာဘူးလား ၊ ထင်ရှားလာမှာပါ။
ဒါကြောင့်မို့ အနိစ္စ ၊ ဒုက ္ခ၊ အနတ္တ ကိုရှုဖို့ထက် ပေါ်တိုင်း ပေါ်တိုင်းမှာ သတိပဋ္ဌာန် အမှတ်ပြုပြီးတော့ ၊ခဏိကသမာဓိ ရဖို့ရန် အရေးကြီးတယ်လို့ ယောဂီတွေ သိထားပါ၊သဘောပေါက်တယ်နော်။
ဒီလိုဆိုရင် ဒီနေ့ ဣရိယာ ပထပဗ္ဗ … သွား ရပ် ထိုင် လျောင်း လေးပါး အပေါင်းတို့မှာ ရှိတဲ့ နည်းတွေနဲ့ သမ္ပဇာနပဗ္ဗဆိုတဲ့ အနေတွေမှာ အမျိုးမျိုး ကိုယ်ခန္ဓာ အမူအရာအမျိုးမျိုးပြုတဲ့ အပေါ်မှာ ရှုတဲ့အနေတွေကို သင်ပေးခြင်းအားဖြင့် မိမိတို့သည် (၁၀)ရက် စခန်းမှာ ဘယ်လိုနေနေ မဆင်ခြင်တတ်သွားဘူးလား၊အဲ့သလို ဆင်ခြင်တတ်သလိုပဲ ဆရာတို့ရဲ့ စကားကို နားထောင်ပြီးတော့ မိမိလဲ အကျိုးရှိ၊ ဆရာသမားလည်း ဟောရတာအကျိုးရှိ ၊လှူဒါန်းရတဲ့ ပုဂ္ဂိုလ်တွေလဲ အကျိုးရှိ သုံးဦးသုံးဖလှယ် အကျိုးရှိတဲ့ အနေမျိုးဖြစ်အောင် သတိ ဝီရိယ သမာဓိ ပညာတွေ နဲ့ ရှုပွားနိုင်ကြပါစေ။
သာဓု … သာဓု … သာဓု … ။


“ ပစ္ဆိမဗုဒ္ဓဝစန”
ဟန္ဒ ဒါနိ ဘိက္ခေဝေ ၊ အာမန္တေယာမိ ဝေါ။
ဝယဓမ္မာ သင်္ခါရာ ၊ အပ္ပမာဒေန သမ္ပာဒေထ။
ဘိက္ခေဝေ - ချစ်သားရဟန်းများတို့ ၊ ဟန္ဒ ဒါနိ။ ယခုအခါ၌ ၊ဝေါ - တုမှာ ကံ သင်ချစ်သားတို့အား ၊အာမန္တယာမိ - ငါးဘုရား နောက်ဆုံး မိန့်မှာတော်မူခဲ့အံ့ ၊သင်္ခါရာ - ကံ ၊စိတ် ၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရားတို့ ပြုပြင်အပ်၍ ဖြစ်ပေါ်ကြရသော ရုပ် နာမ်ဓမ္မ တရားဟူသမျှတို့ သည် ၊ ဝယဓမ္မာ - ခဏမစဲ ပျက်စီးတတ်သော တရားသဘောတို့၌ မမေ့ မလျော့သော သတိတရားနှင့် ၊ သမ္ပာဒေထ - ပြည့်စုံရစ်ကြ ချစ်သားတို့။
(ဒီဃနိကာယ်၊ မဟာဝါ ၊စာ -၁၂၈)

“သတိပေး”
အန္ဓဘူတော အယံလောကော ။ တနုကေ `တ္ထ ၀ိပဿတိ။
သကုဏော ဇာလမုတ္တောဝ ၊အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။
(ဓမ္မပဒ ဒု-တွဲ၊ စာ ၁၁၄)
အယံလောကော - ဤလူအပေါင်းသည် ။အန္ဓိဘူတော - သံသရာဘေးကို မြော်မြင်တတ်သော ဉာဏ် ၀ိပဿနာတည်းဟူသော ဉာဏ်မျက်စိမှ ကင်းကြသည်ဖြစ်၍၊ ဧတ္ထ - ဤ အကန်းသဖွယ် ဖြစ်ကြသောလူအများထဲမှ ၊တနုကော - အနညး်ငယ်သော သူသည် သာလျှင် ၊၀ိပဿတိ - ၀ိပဿနာရှုနိုင်၏။ ဇာလမုတ္တော - မုဆိုးအုပ်မိသော ပိုက်ကွနးတွင်းမှ လွတ်မြောက်သော ၊သကုဏော - ငှက်သည် အပ္ပေါဣဝ - နည်းပါးသကဲ့သို့ ၊အပ္ပေါ -မပြောပဖွယ် အနည်းငယ်သော သူသည်သာလျှင် ၊သဂ္ဂါယ - သုဂတိ နိဗ္ဗာန်သို့၊ ဂစ္ဆာတိ -သွားရောက်နိုင်၏။
ယောဂီပုဂ္ဂိုလ်တို့သည် ကံပေးသော ဓမ္မတာ (မံသစက္ခု)မျက်စိရှိကြ၏။(ဓမ္မစက္ခု) ဉာဏ်မျက်စိမပွင့်ကြလျှင်ဖြင့် သာသနာနှင့် တွေ့ကြုရကျိုးမနပ်ပေ။သာသနာအစစ်ကို မတွေ့ကြရ။(ဓမ္မသဘော) အကြောင်းအကျိုးတရားကို ပိုင်းခြားမသိကြလျှင်ဖြင့် (မနုဿတ္တဘာဝဒုလ္လဘ) ရခဲလှစွာသော လူအစစ်အဖြစ်သို့ မရကြသည်ဖြစ်၍ ဝမ်းနည်ဖွယ်ကောင်းလေစွ ၊(ဓမ္မသဘော) အကြောင်းအကျိုး တရားတို့ကို (ဓမ္မစက္ခု) ဉာဏ်မျက်စိဖြင် ့မြင်နိုင်ကြသော ယောဂီပုဂ္ဂိုလ်များအဖြစ်သို့ ရောက်အောင် ကြိုးစားအားထုတ်ကြပါရန် အထူးတိုက်တွန်းလိုက်ပါသည်။




ပုဗ္ဗကိစ္စပြုရန်
(နမောတဿ ဘဂဝတော အရဟတော သမ္ပာသဗ္ဗုဒ္ဓဿ) ၃
၁။ မြတ်စွာဘုရား… ဘုရားတပည့်တော်တို့၏ သီသေ - ဦးခေါင်းထက်၌ ၊ကျောင်းတော်အမှတ်ဖြင့် သီတင်းသုံးတော်မူပါဘုရား။
၂ ။ အနန္တော အနန္တငါးပါးတို့နှင့်တကွ အရိယာသူတော်ကောင်းတို့၏ အပေါ်၌ ဘုရားတပည့်တော်တို့သည် ကာယကံမှု ဝစီကံမှု မနောကံမှု ကျူးလွန်မိသော် ထိုအပြစ်တို့ကို ဘုရားတပည့်တော်တို့အား ခွင့်လွှတ်တော်မူပါ အရှင်ဘုရား။ဘုရားတပည့်တော်တို့အပေါ်၌ ကာယကံမှု ၊ဝစီကံမှု ။မနောကံမှု ကျုးလွန်မိခဲ့သော် ထိုအပြစ်တို့ကို ဘုရားတပည့်တော်တို့က ခွင့်လွှတ်ပါတယ် အရှင်ဘုရား။
၃။ မြတ်စွာဘုရား … ဘုရားတပည့်တော်တို့သည် ယခု တရား အားထုတ်ဆဲအခါ၌ နိဗ္ဗာန်ကို ရည်မှန်း၍ ခန္ဓာငါးပါး ၊ ရုပ်နာမ်တရားကို မြတ်စွာဘုရားအားလှူဒါန်းပါ၏ အရှင်ဘုရား။
၄။ ခန္ဓာငါးပါး ၊ ရုပ်နာမ်တရားကိုလှူဒါန်းရသော အကြောင်းကြောင့် အရှင်ဘုရားတို့ သိတော်မူအပ်သော တရားထူး ၊တရားမြတ်ကို ချီးမြှင့် ပေးသနားတော် မူပါဘုရား။
၅။ မြတ်စွာဘုရား … ဘုရားတပည့်တော်တို့သည် ခန္ဓာ အာယ တန ဓာတ်တို့၏ မပြတ်ဖြစ်ရာ သံသရာကြီးမှ ထွက်မြောက်ပါရခြင်း အကျိုးငှာ (အသက်မွေးမှု စင်ကြယ် ကြောင်းဖြစ်သော အာဇီဝဋ္ဌမက) သီလတရားတော်မြတ်ကြီးကို ကောင်းစွာ ခံယူ ဆောက်တည်ပါ၏အရှင်ဘုရား။
၆။ သုံးဆယ်တစ်ဘုံ၌ ကျင်လည်နေကြကုန်သော သတ္တဝါဝေနေယျ အပေါင်းတို့သည် ရန်ကင်းကြပါစေ၊ စိုးရိမ်ခြင်းကင်းကြပါစေ၊ ဆင်းရဲခြင်းကင်းကြပါစေ၊ မိမိကိုယ်ကို ချမ်းသာအောင် မှန်ကန်အောင် ရွက်ဆောင်နိုင်ကြပါစေ။
၇။ သုံးဆယ်တစ်ဘုံ၌ ကျင်လည်နေကြကုန်သော သတ္တဝါဝေနေယျ အပေါင်းတို့ ၊ကျွနု်ပ်တို့ ပြုသော ပညာဖြင့် ယှဉ်တဲ့ ကုသိုလ်တွေကို ကျွနု်ပ်တို့ က အသင်တို့အား အမျှပေးဝေ ပါကုန်၏။အသင်တို့ပြုသော ပညာဖြင့်ယှဉ်တဲ့ ကုသိုလ်တွေကို ကျွနု်ပ်တို့ကသာဓုခေါ်ပါ၏။

၈။ မြတ်စွာဘုရား … ဘုရားတပည့်တော်တို့သည် ဘုရားရှင်၏ အဆုံးအမအတိုင်း ၊တရားတော်၏ အဆုံးအမအတိုင်း ၊သံဃာတော်၏ အဆုံးအမ အတိုင်း ၊ ၊ဆရာသမားတို့၏ အဆုံးအမ အတိုင်း ယခုအချိန်အခါက စ၍ ကျင့်ကြံကြိုးကုတ် အားထုတ်ပါမည် အရှင်ဘုရား။
အမျှ … အမျှ … အမျှ
ယူတော်မူကြပါကုန်လော…
သာဓု … သာဓု …သာဓု










“သာသနာနှင့်တွေ့ကြုံရကျိုးနပ်ပါစေ”
မသိတုန်းက ချိန်ဖြုန်းရက်ကြာ
သိလျှင်ပယ်မှု ဘယ်သူ့တွက်တာ၊
ကိုယ့်အရေးမို့ ကိုယ်တွေးခါခါ ၊
လူဖြစ်ရ ဘဝတန်ဖိုးရှာ။
( ဦးကျော်လှိုင်)

ဆရာတော် ဥူးဇဋိလ